ယူကရိန်းရောက် တရုတ်နိုင်ငံသားများလုံခြုံရေးအတွက် ကားများတွင် တရုတ်အလံလွှင့်ရန် သံရုံးပြော

ယူကရိန်းရောက် တရုတ်နိုင်ငံသားတွေအနေနဲ့ လုံခြုံရေးအတွက် နေအိမ်တွေထဲမှာသာ နေကြဖို့နဲ့ ကားတွေ၊ ယာဉ်တွေပေါ်မှာ တရုတ်နိုင်ငံအလံ လွှင့်ထားကြဖို့ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။
အဆိုပါ ထုတ်ပြန်ချက်ထဲမှာတော့ “ယူကရိန်းမှာ အခြေအနေတွေ သိသိသာသာ ဆိုးရွား လာနေပါတယ်။ မြို့တွေအများအပြားမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး စစ်ရေးအရ စစ်ဆင်ရေးတွေ လုပ်ဆောင်နေပါတယ်” လို့ ဖော်ပြထားပြီး နိုင်ငံသားတွေကို နေအိမ်နဲ့ ပြတင်းပေါက် ဒါမှမဟုတ် မှန်တွေနဲ့ ဝေးနိုင်သမျှ ဝေးဝေးနေထိုင်ကြဖို့ တိုက်တွန်းထားကာ လမ်းမတွေပေါ်မှာလည်း “ဆိုးဝါးပြင်းထန်တဲ့” အဓိကရုဏ်းတွေ ဖြစ်ပွားနိုင်ကြောင်း သတိ ပေးထားတာပါ။
တကယ်လို့များ တရုတ်နိုင်ငံသားတွေအနေနဲ့ လမ်းမတွေပေါ် အပြင်မှာ ရောက်နေကြ တယ်ဆိုရင်လည်း တရုတ်အမျိုးသားအလံကို ကား၊ ယာဉ်မှာ ထင်ရှားမြင်သာအောင် လွှင့် ထားကြဖို့လည်း ထပ်လောင်းတိုက်တွန်းထားပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံသားတွေအနေနဲ့ လက်ရှိအခြေအနေအပေါ် အာရုံစိုက်ထားကြဖို့၊ ပြည်ပရောက် တရုတ်အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်မပြတ်ဖို့နဲ့ "တရုတ်ပြည်သူတွေရဲ့ ပုံရိပ်နဲ့ အင်အားကို ထင်ဟပ်ကြစေဖို့ အချင်းချင်း လက်တွဲပူးပေါင်းဆောင်ရွက်ကြဖို့လည်း တောင်းဆိုထားပါတယ်။