ယူကရိန်းကို စစ်လက်နက် ဒေါ်လာ သန်း ၃၅၀ ဖိုး အမေရိကန် ကူညီမည်

ရုရှားကျူးကျော်မှကို တွန်းလှန်နေရတဲ့ ယူကရိန်းနိုင်ငံကို ဒေါ်လာသန်း ၃၅၀ တန်ဖိုးရှိ အမေရိကန် စစ်လက်နက်မျိုးစုံ ထုတ်ပေးဖို့ သမ္မတဂျိုးဘိုင်ဒင်က အမေရိကန်အစိုးရဌာနကို ညွှန်ကြားထားပါတယ်။
ယူကရိန်းကို ကာကွယ်ဖို့ အမေရိကန်နိုင်ငံခြားရေးကူညီထောက်ပံ့မှု အစီအစဉ်ကနေ ဒေါ်လာ သန်း ၃၅၀ တန်ကြေးရှိ လက်နက်တွေကို နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလစ်ကန်က လက်မှတ်ထိုးပေးတာပါ။
အခုနဲ့ဆို အမေရိကန်က ယူကရိန်းကို တတိယအကြိမ်မြောက် လက်နက်ထောက်ပံ့မှုပါ။ မနှစ်က ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး ကူညီခဲ့ပါတယ်။
ယူကရိန်းအစိုးရက Javelin တင့်ကားဖျက်လက်နက်တွေနဲ့ လေယာဉ်တွေပစ်ချဖို့ Stinger မစ်ဆိုင်းဒုံးကျည်တွေ တောင်းထားတာပါ။
နယ်သာလန်က 200 Stinger လေကြောင်းပစ် ရော့ကက်တွေ ပို့ပေးပြီး ဘယ်လ်ဂျီယံက သေနတ်အလက် ၂၀၀၀ နဲ့ လောင်စာဆီ တန် ၃၈၀၀ ပို့ပေးပါတယ်။