close

မောင်တောတွင် တောဆင်ရိုင်းနင်းသဖြင့် ဒေသခံ ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ရွှေတောင်ကျေးရွာမှာ ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းက တောဆင်းရိုင်းနင်းတာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိသွား တယ်လို့ သိရပါတယ်။

မောင်တော ၄ မိုင်ကျေးရွာအုပ်စုတာဝန်ခံက “ဟုတ်ပါတယ်။ သူတို့က ၃ ဦး ဒီနေ့မနက် ၇ နာရီကျော်လောက်မှာ တောထဲကိုဟင်းရှာကြစဥ်မှာ တောဆင်ရိုင်းနဲ့တွေ့ပြီး အသတ်ခံလိုက်ရတာပါ။ ၁ ဦးသေတယ်။ ၁ ဦးဒဏ်ရာရပြီး မောင်တောဆေးရုံကို ပို့ထားတယ်” လို့ ပြောပါတယ်။

သူတို့ ၃ ဦးဟာ ရွာနဲ့ ၆ ဖာလုံလောက်အကွာမှာ ဟင်းရှာနေကြစဥ် တောဆင်နဲ့တွေ့ပြီး ထွက်ပြေးကြစဥ်  ဆင်နှင်းခံရတာကြောင့် အသက် ၃၁ နှစ်အရွယ် မဦးညွှန်စိန် သေဆုံးခဲ့ပြီး အသက် ၆၂ အရွယ် ဒေါ်သာအေးစိန်ကတော့ ဒဏ်ရာရခဲ့ကာ  မောင်တောဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။ သေဆုံးသူ အမျိုးသမီးမှာ သားသမီး ၃ ဦးကျန်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအဖော်ကွဲလူသတ်တောဆင်ရိုင်းမှာ မောင်တောဒေသအနှံ့ သွားလာနေတာလို့ အထက်ကံသာယာကျေးရွာတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နဲ့ ၂၀၂၁ ခုနှစ်က အဆိုပါတောဆင်းရိုင်းနင်းခံရတာကြောင့် မောင်တောမြို့နယ်တောင်ပိုင်း အထက်ကံသာယာကျေးရွာသား တစ်ဦး၊ ဗောဓိကုန်းကျေးရွာသားတစ်ဦးနဲ့ ကျောက်ချောင်းကျေးရွာသားတစ်ဦး သေဆုံးသွားခဲ့ပြီး ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်ဆေးကုခံယူခဲ့ကြရသူတွေလည်း ရှိခဲ့ပါတယ်။

တောဆင်ရိုင်းအား သတ်ခွင့်ကို ဥပဒေအရ တားဆီးထားတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up