close

မြောက်ကိုရီးယားက ကင်းထောက်ဂြိုဟ်တုစနစ်ဒုံးပျံတစီး စမ်းသပ်ပစ်လွှတ်

ဖေဖော်ဝါရီ ၂၇ ရက်က ဒုံးပျံတစီးစမ်းသပ်ချက်ဟာ ကင်းထောက်ဂြိုဟ်တုစနစ် တိုးတက်ရေးအတွက် စမ်းသပ်တာလို့ မြောက်ကိုရီးယားအစိုးရသတင်းဌာန KCNA က ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြောပါတယ်။

မြောက်ကိုရီးယားကနေ ဒုံးပျံတစီး ပစ်လွှတ်ခဲ့တာကို ထောက်လှမ်းတွေ့ရှိအပြီး နောက်နေ့မှာ ခုလို ကြေညာတာပါ။ ဒါပေမဲ့ စမ်းသပ်ရာမှာသုံးတဲ့ ဒုံးပျံအမျိုးအစားကိုတော့ KCNA က အကျယ်တဝင့် ထုတ်မပြောပါဘူး။

ကိုရီးယားကျွန်းဆွယ်ကို အာကာသကနေ မြင်ရတဲ့ပုံကို ရိုက်ကူးထားတဲ့ ဓာတ်ပုံ ၂ ပုံကိုလည်း အစိုးရမီဒီယာက ထုတ်လွှင့်ပြသပါတယ်။ ဒါဟာ ဒီနှစ်အတွင်း ၈ ကြိမ်မြောက် ပစ်လွှတ်စမ်းသပ်တာ ဖြစ်ပြီး နျူကလီးယားလက်နက်ရှင် မြောက်ကိုရီးယားက ဒုံးကျည်တွေ စံချိန်တင် ပစ်လွှတ်တဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်လာပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် စမ်းသပ်ချက်အရ ကင်းထောက်ဂြိုဟ်တုပေါ်မှာ တပ်ဆင်ထားတဲ့ ကင်မရာတွေဟာ ကမ္ဘာပေါ်က တိကျတဲ့ဧရိယာရဲ့ ဒေါင်လိုက်နဲ့ စွေစောင်းနေတဲ့ ပုံတွေကို ရိုက်ကူးပြီး အမြင့်ထိန်းချုပ်တဲ့ ကိရိယာတွေ သတင်းအချက်အလက် ထုတ်လွှင့်တဲ့စနစ်နဲ့ ပုံထွက် ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံရိုက်စနစ် အတိအကျ အလုပ်လုပ်ပုံကို အတည်ပြုရာမှာ ကူညီတယ်လို့ KCNA က ဆိုပါတယ်။

တောင်ကိုရီးယား အာဏာပိုင်တွေကတော့ ဒါဟာ နိုင်ငံတကာ လေဆိပ်ရှိရာ ပြုံယမ်းမြို့တော်နားက ဧရိယာတခုကနေ ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည် ဖြစ်ပုံရတယ်လို့ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up