အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်လာရောက်မှု တရုတ် ကန့်ကွက်ရှုတ်ချ

ရုရှားက ယူကရိန်းကို ဝင်ရောက်ကျူးကျော်နေချိန်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် စေလွှတ်လိုက်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးအရာရှိ ကိုယ်စားလှယ်တဖွဲ့ဟာ ထိုင်ဝမ်ကို မတ်လ ၁ ရက်က ရောက်ရှိလာပါတယ်။
အမေရိကန်အဖွဲ့ ထိုင်ဝမ်လာရောက်မှုကို တရုတ်အစိုးရက ရှုတ်ချခဲ့ပါတယ်။ ကိုယ်စားလှယ်အဖွဲ့ကို ဂျော့ဘုရှ်နဲ့ အိုဘားမား သမ္မတနှစ်ဦးလက်ထက် အမေရိကန် ကြည်းရေလေ ပူးတွဲစစ်ဦးစီးချုပ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကြီး မိုက်ကယ်မူလန်က ဦးဆောင်လာတာပါ။
သူနဲ့အတူ အမေရိကန်လုံခြုံရေး အဆင့်မြင့်အရာရှိ ကိုယ်စားလှယ်တွေ လိုက်ပါလာပြီး ဒီကနေ့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်နဲ့ တွေ့ဆုံမှာပါ။ လတ်တလော ရုရှားကျူးကျော်စစ်ကို အကြောင်းပြုပြီး တရုတ်က ထိုင်ဝမ်အပေါ် လုံခြုံရေးအသာစီးရယူဖို့ ကြိုးစားနေတယ်လို့ ထိုင်ဝမ်ဘက်က တပ်လှန့်ထားပါတယ်။