ယူကရိန်းကျူးကျော်စစ်အတွင်း ရုရှားစစ်ရဟတ်ယာဉ်များ ပါဝင်တိုက်ပွဲဝင်နေပုံရုပ်သံ ဖြန့်ချိ

ယူကရိန်းနိုင်ငံထဲက ရုရှားအစိုးရရဲ့ အထူးစစ်ဆင်ရေးအတွင်း ရုရှားစစ်တပ်ကို ထောက်ပံ့ဖို့ စစ်ရဟတ်ယာဉ်တွေ ပါဝင် တိုက်ပွဲဝင်နေပုံ ရုပ်သံကို ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၂ ရက်မှာ ဖြန့်ချိလိုက်ပါတယ်။
ရုရှားအရာရှိတွေဟာ ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဒုတိယအသုတ် ကျင်းပဖို့ အသင့်ဖြစ်နေပြီလို့လည်း ရုရှားသမ္မတနန်းတော်က ပြောပါတယ်။ ယူကရိန်းအရာရှိတွေဘက်က အနေအထားကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့လည်း ပြောပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒိုမြာ ဇလန်းစကီးကတော့ ရုရှားဟာ သူကျူးကျော်ထားတဲ့ နိုင်ငံနဲ့ ဆွေးနွေးပွဲတွေ ပိုမလုပ်ခင် ယူကရိန်းမြို့တွေကို ဗုံးကြဲနေတာ ရပ်ရမယ်လို့ မတ် ၁ ရက်နေ့က ပြောခဲ့ပါတယ်။