တရုတ်အတိုင်ပင်ခံကွန်ဂရက်အစည်းအဝေးကျင်းပ၊ ဆိုရှယ်လစ်ဒီမိုကရေစီကို အကောင် အထည်ဖော်မည်

တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဂရက် (CPPCC) ရဲ့ ၁၃ ကြိမ်မြောက် အမျိုးသားကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးကို ပေကျင်းမြို့မှာ မတ်လ ၄ ရက်က ကျင်းပခဲ့ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး၊ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ သမ္မတရှီကျင့်ဖျင် အစည်းအဝေး ဖွင့်ပွဲကို တက်ရောက်ပါတယ်။
တရုတ်ကွန်မြစ်နစ်ပါတီ (CCP) မှာ အဖွဲ့ဝင် ၉၅ သန်းကျော်ရှိပြီး တရုတ်လူဦးရေ စုစုပေါင်းရဲ့ ၆ ဒသမ ၇ ရာခိုင်နှုန်း ရှိတာပါ။
အတိုင်ပင်ခံကွန်ဂရက်မှာ အဖွဲ့ဝင် ၂၁၀၀ ကျော်ရှိပြီး ၁၉၈၈ ဦး တက်ရောက်ပါတယ်။ CPPCC ကော်မတီဥက္ကဋ္ဌ ဝမ်ယန် က ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း ၂၀၂၁-၂၀၂၅ ဆောင်ရွက်နေမှုကို သုံးသပ်တင်ပြပါတယ်။
သူက တရုတ်ကွန်မြူနစ်ပါတီ နှစ် ၁၀၀ ပြည့်ကျင်းပမှု၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်မှု၊ အသင့်အတင့် ချမ်းသာတဲ့လူ့အဖွဲ့အစည်းဖြစ်အောင် ဆောင်ရွက်နိုင်မှုတွေကို သုံးသပ်ပြီး၊ လာမယ့်နှစ်တွေအတွင်း နိုင်ငံတကာဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပိုမိုပါဝင်ဖို့ တင်ပြသွားတာပါ။
အစည်းအဝေးက ၆ ရက်ကြာမှာဖြစ်ပြီး ကွန်မြူနစ်ပါတီခေါင်းဆောင်မှုအောက်မှာ တရုတ်နည်း တရုတ်ဟန် ဆိုရှယ်လစ်ဒီမိုကရေစီကို ဆက်အကောင်အထည်ဖော်နိုင်မယ့် နည်းလမ်းတွေ ချမှတ်မှာပါ။