close

စပါးအသင်းကို အချိန်တိုအတွင်း အောင်မြင်ရန် ဘယ်နည်းပြမှ မလုပ်နိုင်ကြောင်း ကွန်တီ ပြော

စပါးအသင်းကို အချိန်တိုအတွင်းမှာ အောင်မြင်မှုရဖို့အတွက် ဘယ်နည်းပြကမှ လုပ်နိုင်စွမ်းမရှိ ကြောင်း နည်းပြကွန်တီက ပြောပါတယ်။ 

အီတလီနည်းပြကွန်တီဟာ စပါးအသင်းကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကမှ ရောက်ရှိလာသူဖြစ်ပြီး အောင်မြင်မှုရဖို့အတွက် အချိန်တခုပေးဖို့လိုကြောင်း ပြောသွားတာပါ။ 

စပါးအသင်းဟာ ပြီးခဲ့တဲ့လပိုင်း မန်စီးတီးကို အနိုင်ယူခဲ့ပေမယ့် ဘန်လေနဲ့ မစ်ဒယ်ဘရော့အသင်းတွေကို ရှုံးနိမ့်ခဲ့ရပြန်ပါတယ်။ 

ဒီလို ခြေစွမ်းအတက်အကျတွေ ရှိတာကို မနှစ်သက်ပေမယ့်  စပါးအသင်း ဒီလိုဖြစ်နေတာဟာ နှစ်ပေါင်း ၂၀ လောက် ရှိနေပြီလို့ နည်းပြကွန်တီကပြောပါတယ်။ 

“ခြေစွမ်း အတက်အကျတွေများပြီး တည်ငြိမ်မှုမရှိတဲ့ အခြေအနေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဖြစ်လာခဲ့တာပါ။ ဒီက မရိုးရှင်းပါဘူး။  တောင့်တင်းတဲ့အသင်းဖြစ်ဖို့အတွက်ဆိုရင် ပထမဆုံးလုပ်ရမယ့်အရာက တည်ငြိမ်မှုရှိစေဖို့နဲ့ ခြေစွမ်းအတက်အကျတွေ ဖြစ်နေတာကို ရှောင်လွှဲနိုင်ဖို့လိုတယ်။ ဒီလိုလုပ်ဖို့က အချိန်တိုအတွင်းမှာ မဖြစ်နိုင်ပါဘူး။ ကျနော့်အတွက်တင်မဟုတ်ဘဲ တခြား ဘယ်နည်းပြကမှ အချိန်တိုအတွင်းမှာ ပြောင်းလဲပေးနိုင်ဖို့ မဖြစ်နိုင်ပါဘူး။” 

စပါးအသင်းဟာ နည်းပြအပြောင်းအလဲတွေများခဲ့ပြီး သက်တမ်းအကြာဆုံးလို့ဆိုနိုင်တဲ့ ပိုချက်တီနို လက်ထက် ပရီးမီးယားလိဂ်မှာ ဒုတိယရခဲ့ဖူးသလို ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up