close

ယူကရိန်းသရုပ်ဆောင်မင်းသား ပါရှာလီ နိုင်ငံကာကွယ်ရေးတိုက်ပွဲအတွင်း ကျဆုံး

ပြီးခဲ့သည့်သီတင်းပတ်က နိုင်ငံကာကွယ်ရေးအတွက် ယူကရိန်းတပ်ဖွဲ့တွင်း ဝင်ရောက်ခဲ့သည့် မင်းသား ပါရှာလီ - @pashaleeofficial/Instagram

ယူကရိန်းသရုပ်ဆောင်မင်းသားနဲ့ အစီအစဉ်တင်ဆက်သူ ပါရှာလီဟာ တိုက်ပွဲတွင်း ရုရှားဘက်က ပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

အိုဒက်ဆာ နိုင်ငံတကာရုပ်ရှင်ပွဲတော်ရဲ့ အမှုဆောင်အရာရှိချုပ် အန်နာ မာချုက “ပါရှာလီ ဟာ တကယ့်သူရဲကောင်းတယောက်ပါ။ ပထမနေ့ကစပြီး သူ့နိုင်ငံကာကွယ်ရေးအတွက် ရပ်တည်ခဲ့တယ်။ ရုရှ ားသိမ်းပိုက်သူတွေလက်ထဲမှာ သူ သေဆုံးသွားတာက ယူကရိန်း ရုပ်ရှင်လုပ်ငန်းတခုလုံးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတခုပါ။ သူ့ကို ဘယ်တော့မှ ပြန်မရနိုင်တော့သလို သူ့ရဲ့စွမ်းရည်တွေကို ဘယ်တော့မှ မမေ့တော့ပါဘူး” လို့ ပြောပါတယ်။

ပါရှာလီဟာ ကျဆုံးချိန်မှာ အသက် ၃၃ နှစ်အရွယ် ရှိနေပြီဖြစ်ကာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ထဲကို ဝင်ရောက်ခဲ့ပြီး Irpin မြို့တိုက်ပွဲတွင်းမှာ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

သူ့ကိုတော့ "‎Meeting of Classmates," "The Fight Rules," နဲ့ "Zvychayna Sprava" ရုပ်ရှင်ကားတွေထဲက ဇာတ်ကောင်တွေနဲ့ လူသိများပါတယ်။

ဒါ့အပြင် လီဟာ ယူကရိန်းရုပ်သံချန်နယ်တခုဖြစ်တဲ့ DOM Channel မှာ ရုပ်သံအစီအစဉ် တင်ဆက်သူတဦးလည်းဖြစ်ကာ နာမည်ကျော် "The Lion King" နဲ့ "The Hobbit" ရုပ်ရှင်တွေမှာလည်း အသံနဲ့ သရုပ်ဆောင် ပါဝင်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကတော့ လီဟာ ပြောက်ကျားစစ်ဝတ်စုံနဲ့ ဓာတ်ပုံတပုံကို သူ့ရဲ့ အင်စတာဂရမ်လူမှုကွန်ရက်ပေါ်ကတဆင့် ခုလိုရေးသားပြီး မျှဝေခဲ့ပါသေးတယ်။

“ပြီးခဲ့တဲ့ ၄၈ နာရီလုံး ငါတို့ဘယ်လို ဗုံးကြဲခံရတာတွေ၊ ထိုင်ပြီးတော့ ဓာတ်ပုံရိုက်ဖို့ အခွင့်အရေးရှိသေးတယ်။ ငါတို့ ပြုံးနေကြတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အရာရာ ယူကရိန်းဖြစ်စေဖို့ ငါတို့ ကိုင်တွယ်နိုင်တယ်။ ငါတို့ အလုပ်လုပ်နေကြတယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up