အမေရိကန်နှင့် ရိုမေးနီးယား ပူးတွဲစစ်ရေးလေ့ကျင့်

အမေရိကန်နဲ့ ရိုမေးနီးယားစစ်တပ်တို့ဟာ ရိုမေးနီးယားနိုင်ငံ စမာဒန်မြို့မှာ မတ်လ ၁၀ ရက်က ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။
‘Justice Eagle’ လို့ နာမည်ပေးထားတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ၂ နိုင်ငံလုံးက ခြေလျင်တပ်တွေနဲ့ တင့်ကားတပ်တွေ သူတို့စွမ်းရည်တွေကို စမ်းသပ်ခဲ့ကြတာ တွေ့ရပါတယ်။
၂ နှစ်တကြိမ် ဆင်နွှဲနေကျ ဒီစစ်ရေးလေ့ကျင့်မှုဟာ ရိုမေးနီးယားရဲ့ အရှေ့ဘက် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ယူကရိန်းနိုင်ငံထဲက ပဋိပက္ခနဲ့ မပတ်သက်ဘူးလို့ စီစဉ်သူတွေက ပြောပါတယ်။
အမေရိကန်နဲ့ ရိုမေးနီးယား ၂ နိုင်ငံလုံးဟာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးရဲ့ အဖွဲ့ဝင်နိုင်ငံတွေပါ။
စစ်ရေးလေ့ကျင့်တဲ့ ဇာတ်ညွှန်းက ရာနှုန်းပြည့်စိတ်ကူးနဲ့ ဖန်တီးထားတာဖြစ်ပြီး ရည်မှန်းချက်က ရာနှုန်းပြည့် ခုခံကာကွယ်ဖို့ သက်သက်ပဲလို့ ရိုမေးနီးယား အမှတ် ၉ ခြေလျင်တပ်မဟာက ဗိုလ်မှူးကြီး အဒ်ရီယံ ကိုစတာရူက ပြောခဲ့ပါတယ်။