close

တရုတ်အမျိုးသားကွန်ဂရက် ပေကျင်းတွင် ကျင်းပ

ပေကျင်းမြို့မှာ ၇ ရက်တာ ကျင်းပတဲ့ တရုတ် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ညီလာခံကို မတ် ၁၁ ရက် နံနက်က နောက်ဆုံးနေ့ ပိတ်ပွဲကျင်းပခဲ့ပါတယ်။ 

အများမျှော်လင့်ထားသလိုပဲ သမ္မတရှီကျင့်ဖျင်က တတိယအကြိမ်သမ္မတသက်တမ်းကို ဆက်လက် ထမ်းဆောင်မှာ ဖြစ်ပါတယ်။ 

အံ့အားသင့်စရာက ဝန်ကြီးချုပ်လီခဲ့ချန် က ယခုနှစ် နောက်ဆုံးရာထူးထမ်းဆောင်မှာ ဖြစ်ပြီး လာမယ့်နှစ် မတ်လမှာ ရာထူးက နုတ်ထွက်မယ်ဆိုတာပါ။ 

လီခဲ့ချန်က နှစ်စဉ် စီးပွားရေးအစီရင်ခံစာ တင်ပြရာမှာ “တရုတ်စီးပွားရေးကို အလယ်အလတ် အဆင့်ကနေ အမြင့်ဆုံးတိုးတက်နှုန်းထိ တည်တည်ငြိမ်ငြိမ်နဲ့ သွားဖို့ လုပ်ရတာ မလွယ်ကူလှ ကြောင်း၊ ယခုနှစ် စီးပွားရေး ပုံမှန်တည်ငြိမ်ဖို့အတွက် တိုးတက်မှုနှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း၊ ယခုနှစ် မက်ခရိုစီးပွားရေး မူဝါဒက ရေတိုဖိအားတွေကို ခံနိုင်ရည်ရှိဖို့ သာမကဘဲ ရေရှည် တရုတ်စီးပွားရေး တည်ငြိမ်စေဖို့ ရည်ရွယ်ကြောင်း ပြောပါတယ်။

အခုနှစ် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်မှုတွေကြောင့် ပြည်သူ့ညီလာခံကို ၆ ရက်ခွဲနဲ့အပြီး ကျင်းပခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up