close

ဘာလင်မြို့၌ ပူတင်ဆန့်ကျင်ရေး လူ ၁ သိန်းကျော် ဆန္ဒပြ

ရုရှားကျူးကျော်စစ် အဆုံးသတ်ဖို့ ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ ယူကရိန်းကို ထောက်ခံသူ ၁ သိန်းကျော် ဆန္ဒပြခဲ့ တောင်းဆိုခဲ့ကြပါတယ်။ 

ဆန္ဒပြသူတွေက ယူကရိန်းအလံတွေ ဝှေ့ယမ်းပြီး ယူကရိန်းနိုင်ငံသားတွေနဲ့အတူ တသားတည်း ညီညွတ်မှုရှိကြောင်း ဖော်ပြတဲ့ ပိုစတာတွေ ကိုင်ဆောင်ထားပါတယ်။

 ‘ရုရှားစစ်သားတွေ အိမ်ပြန်ကြ’၊ ‘ယူကရိန်းနဲ့အတူ ငါတို့ရှိတယ်’၊ ‘Stop Putin’ ‘Stop War’ စတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ခဲ့ပါတယ်။ 

စစ်အေးခေတ်ကာလ အရှေ့နဲ့ အနောက် ခွဲခြားထားမှု  သင်္ကေတ ဘရန်ဒန်ဘတ်ဂ်ဂိတ် (Brandenburg Gate) အနီးမှာ စတင်စုဝေးခဲ့ပြီး ဘာလင်မြို့ လမ်းတွေကိုဖြတ် ချီတက်ခဲ့တာပါ။

 ဆန္ဒပြပွဲမှာ သက်ကြီးရွယ်အိုတွေ မသန်စွမ်းတွေ အများအပြား ပါဝင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up