ဒဏ်ရာရ TikTok ဆယ်လီနှင့်ပြည်သူများကို ယူကရိန်းသမ္မတ သွားရောက်အားပေး

ရုရှား ကျူးကျော်တိုက်ခိုက်မှုကြောင့် ထိခိုဏ်ဒဏ်ရာရ အရပ်သားတွေနဲ့ အစိုးရဝန်ထမ်းတွေ ကုသမှုခံယူနေတဲ့ ကိယက်ဗ်မြို့ဆေးရုံကို ယူကရိန်းသမ္မတဇလန်းစကီး မတ် ၁၇ ရက်က သွားရောက်ကြည့်ရှုခဲ့ပါတယ်။
ဒဏ်ရာရရှိသူတွေထဲမှာ TikTok ဗွီဒီယိုဆယ်လီ အသက် ၁၆ နှစ်ရှိ ယူကရိန်းအမျိုးသမီးငယ် ‘ကတိယာ ဗလာဆန်ကို’ (Katya Vlasenko) လည်း ပါပါတယ်။
ကတိယာက အသက် ၈ နှစ်ရှိ သူ့မောင်လေး အီဂေါ ကို ခန္ဓာကိုယ်နဲ့ကာထားစဉ် ဒဏ်ရာရခဲ့တာပါ။ ကတိယာ့မိခင်လည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတာပါ။
ဇလန်းစကီးက ကတိယာကို အဖြူရောင်နဲ့ ပန်းရောင် ပန်းဆီးကိုပေးပြီး “မင်းအကြောင်းကို လူတိုင်းက ပြောနေကြတယ်၊ TikTok ပေါ်မှာ မင်းအကြောင်းချည်းပဲ၊ Tiktok ကို မင်းက သိမ်းပိုက်ထားလိုက်ပြီ” လို့ အရွှန်းဖောက်ရင်း အားပေးစကား ပြောခဲ့ပါတယ်။