close

မန်ယူနှင့်လမ်းခွဲမည့် ပေါ့ဘာ အသင်းသစ်ရှာရန် အချိန်ယူဆုံးဖြတ်မည်

မန်ယူအသင်းနဲ့ လမ်းခွဲဖို့ရှိနေတဲ့ ကွင်းလယ်လူ ပေါ့ဘာဟာ အသင်းသစ် ရှာဖွေဖို့အတွက် အချိန်ယူ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။
ပေါ့ဘာဟာ အခုနှစ်ရာသီအကုန်မှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့လည်း ဆွေးနွေးထားတာ မရှိသေးကြောင်း တီလီဂရပ်ဖ် သတင်းစာက ဖော်ပြခဲ့ပါတယ်။
ပေါ့ဘာအနေနဲ့ အသင်းနဲ့ သဘောတူညီမှု မရရှိသေးတာကြောင့် စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ရာသီပြီးချိန်မှာ အသင်းသစ် ရှာဖွေသွားရမှာပါ။
ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနဲ့လည်း သတင်းထွက်နေပေမယ့် ရာသီကုန်ဆုံးချိန်ရောက်မှ အနာဂတ်အတွက် ဆုံးဖြတ်ချက်ချဖို့ ပေါ့ဘာက ပြင်ဆင်ထားပါတယ်။
အသက် ၂၉ နှစ်ရှိ ပေါ့ဘာကို ဂျူဗင်တပ်အသင်းကနေ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ၂၀၁၆ ခုနှစ်မှာ မန်ယူအသင်းက ခေါ်ယူခဲ့တာပါ။
ပေါ့ဘာဟာ လက်ရှိအချိန်အထိ ယူနိုက်တက်အတွက် စုစုပေါင်း ၂၂၂ ပွဲ ကစားထားပြီး စုစုပေါင်း ၃၉ ဂိုး သွင်းယူထားပါတယ်။
ပေါ့ဘာကို ဂျူဗင်တပ်နဲ့ ရီးရဲလ်မက်ဒရစ် အသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up