close

မော်ခီးစခန်းကို ကေအန်ယူက တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သားများထွက်ပြေး၊၁ ဦးသေ၊ ၁ ဦးဖမ်းမိ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်ခွဲရှိ စစ်ကောင်စီတပ်စွဲထားတဲ့ မော်ခီးစခန်းကို KNLA-KNDO နဲ့ ပူးပေါင်းတပ်တွေ မတ်လ ၂၁ ရက် ဒီ ညနေ ၄ နာရီကျော်ခန့်လောက်မှာ ဝင်ရောက်သိမ်းပိုက်လိုက်တယ်လို့ KNLA တပ်ဖွဲ့ကနေသိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်စခန်းဟာ မြဝတီမြို့တောင်ဘက်မှ မိုင် ၅၀  လောက်အကွာ  မြန်မာ-ထိုင်းနယ်စပ်နဲ့ ၃ မိုင်လောက်သာ ကွာဝေးပြီး စခန်းအတွင်း စစ်ကောင်စီ အင်အား ၃၀ လောက် တပ်စွဲထားတဲ့စခန်းဖြစ်ပါတယ်။

မော်ခီးစခန်းကို သိမ်းပိုက်နိုင်ရေးအတွက် KNU/KNLA တပ်မဟာ(၆) လက်အောက်ခံ ဌာနဆိုင်ရာအဆင့်ဆင့်ရဲ့ ခွင့်ပြုချက်ရယူပြီး မတ်လ ၂၁ ရက် ညနေ ၄ နာရီကျော်လောက်မှာ မော်ခီးစစ်ကောင်စီ စခန်းကို ဝင်ရောက်သိမ်းပိုက်လိုက်တာလို့  တိုက်ပွဲပါဝင်တဲ့ KNLA တပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေ ဘေးလွတ်ရာထွက်ပြေးသွားကြပြီး  အနည်းဆုံး တယောက် သေဆုံးကာ တယောက်ကိုတော့ အရှင်ဖမ်းဆီးရမိခဲ့ကာ လက်နက်ကြီး ၁၂၀ မမ တစ်လက်၊ ၁၂၀ မမကျည် အလုံး ၅၀ ၊  RPG 7 ကျည်အလုံး ၅၀  သိမ်းဆည်းရမိကာ ကျန်လက်နက်ခဲယမ်းတွေကိုတော့ အခုအထိ ရှင်းလင်းနေတုန်းပဲလို့ ဆိုပါတယ်။

ကော့ကရိတ်မြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်တွေနဲ့ KNLA တပ်တွေအကြားတိုက်ပွဲ ဖြစ်ပွားခဲ့သလို  တပ်မဟာ(၅) နယ်မြေဘက်မှာလည်း  နှစ်ဘက် စစ်ရေးတင်းမာနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up