close

လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှားမှု ပြုလုပ်

တနင်္ဿာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းမှာ အမျိုးသမီးတွေဦးဆောင်ပြီး မတ်လ ၂၃ ရက် မနက်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီလှုပ်ရှားမှုမှာ အာဆီယံအနေနဲ့ စစ်အာဏာရှင်တွေဘက်က မရပ်တည်ဘဲ မြန်မာပြည် ပြည်သူလူထုနဲ့အတူရပ်တည်ရေး "Asean: Stand for Democracy, Not for Dictator" ဆိုပြီး တောင်းဆိုခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုကို အမျိုးသမီးတွေဦးဆောင်ပြီးတော့ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂနဲ့ လူငယ်တွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ထားဝယ်ခရိုင်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုအား ၂၀၂၁ခုနှစ်၊ သြဂုတ် ၂၈ ရက်နေ့မှာ အမျိုးသမီးတွေဦးဆောင်ပြီး စတင်ပြုလုပ်ခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up