close

စစ်ကောင်စီသတ်ဖြတ်ခဲ့သည့် ပြည်သူ ၃ ဦး၏ အရိုးများ တွေ့ရှိ

ကယားပြည်နယ် လွိုင်ကော်မြို့နဲ့ ဒီးမော့ဆိုကြားက စံပြ ၆ မိုင်အုပ်စု၊ ကယောပိုင်းကျေးရွာမှာ လွန်ခဲ့တဲ့ ၂ လလောက်က စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ပြည်သူ ၅ ဦးအနက် ၃ ဦးရဲ့ အရိုးတွေကို ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF) တပ်ရင်း ၉ က မတ် ၂၃ ရက်နေ့မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ပြည်သူ ၅ ဦးဟာ ၆ မိုင်စံပြအုပ်စု၊ ကယောပိုင်းကျေးရွာမှာ နေထိုင်သူတွေဖြစ်ပြီး စစ်ဘေးရှောင်ရင်း ရွာကို ရိက္ခာပြန်ယူတဲ့အချိန် ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတာလို့ KNDF B-09 တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KNDF B-09 ရဲဘော်တချို့က တွေ့ရှိခဲ့တဲ့ ပြည်သူ ၃ ဦးရဲ့ အရိုးစုတွေကို ကောင်းမွန်စွာ ပြန်လည်သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကျန်ရှိနေသေးတဲ့ မတရားဖမ်းဆီး သတ်ဖြတ်ခံလိုက်ရတဲ့ ပြည်သူနှစ်ဦးရဲ့ ရုပ်အလောင်းတွေကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up