close

အရပ်သား ၆ သန်းခွဲခန့် အိုးအိမ်စွန့်ခွာ ပြေးနေရကြောင်း ယူကရိန်းသမ္မတ ထုတ်ပြန်

ရုရှားကျူးကျော်စစ်ပွဲကာလ တလတာအတွင်း ကလေးငယ်ပေါင်း ၁၂၈ ယောက် အပါအဝင် ယူကရိန်းပြည်သူ ထောင်ပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရပြီး ပြည်သူလူထု ၆ သန်းခွဲလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးရဲ့ တယ်လီဂရမ်ချန်နယ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် မြို့ပေါင်း ဒါဇင်ပေါင်းများစွာ ပျက်စီးခဲ့တဲ့အပြင် လူနေအိမ်ခြေ ၄ ထောင်ကျော် တိုက်ခိုက်ဖျက်ဆီးခံခဲ့ရတဲ့အကြောင်း ဗွီဒီယိုစာတမ်းထိုး ဖော်ပြထားပါတယ်။
အဲဒီ ဗွီဒီယိုထုတ်ပြန်ချက်မှာ ဒုတိယကမ္ဘာစစ်ကာလတုန်းက နာဇီတွေက ဂျူးလူမျိုးတွေကို အစုအပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ဒီနေ့ခေတ် ယူကရိန်းမှာ အရပ်သား ကလေးလူကြီး အလောင်းတွေ အစုလိုက် အပြုံလိုက် မြှုပ်နှံနေရတာနဲ့ ယှဉ်ပြထားပါတယ်။

ကမ္ဘာစစ်ကာလအတွင်း နာဇီတိုက်ခိုက်မှု ဗုံးဒဏ်ကြောင့် ကြေမွသွားခဲ့တဲ့ နိုင်ငံတကာ မြို့ကြီးတွေနဲ့ ၂၀၂၂ ခုနှစ် ယူကရိန်းနိုင်ငံမှာ ရုရှား ဒုံးပျံလက်နက်ကြီးတွေနဲ့ တိုက်ခိုက်ထားတဲ့ မြို့ပျက်ကြီးတွေနဲ့ နှိုင်းယှဉ်ပြထားပါတယ်။
ဖက်ဆစ် ရုရှားစစ်တပ်ကို ယူကရိန်းမှာ ရပ်ဆိုင်းသွားအောင် မလုပ်နိုင်ရင် အဲဒီ မကောင်းဆိုးဝါးကောင်ကြီးဟာ ဥရောပက အိမ်ပေါက်စေ့ထိ ရောက်လာလိမ့်မယ်လို့ သတိပေးထားပြီး ဖက်ဆစ်ဝါဒကို ဝိုင်းဝန်းတိုက်ဖျက်ကြဖို့ တောင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up