ရုရှားကျူးကျော်စစ်ကို လန်ဒန်တွင် ဆန့်ကျင်ဆန္ဒပြ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မတ်လ ၂၆ ရက်က လူထောင်ချီပြီး ရုရှားကျူးကျော်စစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြသူတွေက ယူကရိန်းအလံတွေ ကိုယ်တိုင်လုပ်ပိုစတာတွေ ကိုင်ဆောင်ပြီး ထရာဖလ်ဂါရင်ပြင်ဆီ ချီတက်ခဲ့ပါတယ်။
“လန်ဒန်သည် ယူကရိန်းနှင့်အတူရပ်သည်” ဆိုတဲ့ စာတန်းနောက်မှာ အားလုံး ချီတက်ခဲ့ကြတာပါ။
ဆန္ဒပြသူ တဦးက “မိစ္ဆာရုရှား ယူကရိန်းက ထွက်သွား၊ မိစ္ဆာရုရှား ယူကရိန်းက ထွက်သွား၊ ယူကရိန်းတွေက မင်းတို့ကို မောင်းထုတ်ရတာ ဂုဏ်ယူနေတယ်၊ နောက်ထပ် အပြစ်မဲ့ ကလေးတွေ အမျိုးသမီးတွေ ထပ်မသေဆုံးဖို့ မိစ္ဆာရုရှားတွေ အမြန်ဆုံး ထွက်သွား” အော်ဟစ်ခဲ့ပါတယ်။