close

ဆားလင်းကြီးမြို့ရှိ စစ်ကောင်စီတပ်နှင့် ရဲစခန်း တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ရှိ  စစ်ကောင်စီတပ်နဲ့ လက်အောက်ခံရဲစခန်းတို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံး စစ်သားတယောက်သေဆုံးခဲ့တယ်လို့ ဆားလင်းကြီးဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

မတ် ၃၁ ရက် ည ၉ နာရီကျော်က မဟာမိတ်တပ်တွေဟာ ဆားလင်းကြီးမြို့ရဲစခန်းကို စိန်ပြောင်း ၈ လက်၊ ၆၀ မမ ထိပ်ဖူး ၃၅ လုံးနဲ့သွားရောက်ပစ်ခတ်ခဲ့ပြီး  ရဲစခန်းနဲ့ စစ်ကောင်စီတပ်သား တွေကင်းပုန်းဝပ်တဲ့နေရာကို ထိမှန်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ ဘယ်လောက်သေဆုံးတယ်ဆိုတာ အတိအကျမသိရဘဲ ဒေသခံတယောက်ကတော့ ရဲနဲ့ စစ်သားတွေရှိတဲ့နေရာတွေကို လက်နက်ကြီး ကျရောက်တာကြောင့် သေဆုံးတာတွေရှိနိုင်တယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို One Star Task Force၊ Salingyi GZ၊ Salingyi Special Task Force၊ တကိုယ်တော်သုဘရာဇာ၊ Black Dragon၊ Brother Defence Force နဲ့ Unity Force Monywa မဟာမိတ်အဖွဲ့တွေက ပူးပေါင်းလုပ်တာဖြစ်ပြီး မဟာမိတ်တပ်ဖွဲ့ဝင် ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဘေးကင်းလုံခြုံတဲ့နေရာကို ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

One Star Task Foce ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက "တကယ်တော့ ကျနော်တို့မှာ အခက်အခဲ အများကြီးရှိတယ်။ ခုထိ မောင်းပြန်တောင် တလက်မှ မရှိဘူး။ ဖြစ်သလိုဘဲ တော်လှန်နေရတာ။ ပြည်သူတွေလည်း ပင်ပန်းနေကြပြီ။ ဒါပေမဲ့ ဒီတော်လှန်ရေး မြန်မြန်ပြီးဖို့ကတော့ ပြည်သူတွေရဲ့ အား လိုပါတယ်" လို့ ပြောပါတယ်။

မနေ့ကလည်း အောင်ဇေယျကုန်းကို သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကူလာတဲ့ စစ်သားတွေကိုလည်း တိုက်ခိုက်နိုင်ခဲ့တာကြောင့် တယောက်သေဆုံး၊ အများအပြား ဒဏ်ရာရခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up