ဘီလာရုဇ် အတိုက်အခံခေါင်းဆောင် ထောင်ဒဏ် ၁၈ နှစ် ချခံရ

ဘိလာရုဇ် တရားရုံးက အတိုက်အခံခေါင်းဆောင် ဆာဂျီတီခါနော့စကီအား လူထုကို မတည်မငြိမ်ဖြစ်အောင် စည်းရုံးလှုံ့ဆော်မှု၊ အမုန်းတရားတွေ သွေးထိုးမှု စတဲ့ စွဲချက်တွေနဲ့ ထောင်ဒဏ် ၁၈ နှစ် ချလိုက်ပါတယ်။
သူဟာ ဗွီဒီယိုဘလော့ဂါတဦးဖြစ်ပြီး ၂၀၂၀ မေလမှာ သမ္မတ အလက်ဇန်းဒါးလူကာရှင်ကို ကို ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့လုပ်တာကြောင့် ထောင်ကျခဲ့ပါတယ်။
ရွေးကောက်ပွဲကမ်ပိန်းအတွက် သူက “ကျနော့်နာမည် ဆာဂျီ တီခါနော့စကီ၊ ဘီလာရုဇ် စီးပွားရေးလုပ်ငန်းရှင် ဘလော့ဂါတယောက်၊ သမ္မတရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တဦးအနေနဲ့ ယှဉ်ပြိုင်ဖို့ ကြေညာပါတယ်” လို့ ပြောပြီးနောက်မှာ အဖမ်းခံခဲ့ရပါတယ်။
သူ့ကို ဖမ်းထားစဉ်မှာ ဇနီးဖြစ်သူ စဗက်လာနာ တီခါနော့စခါယာက ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြတ်ပြတ်သားသား အနိုင်ရရှိပေမဲ့၊ သမ္မတ လူကာရှင်ကိုက သူမနဲ့ ကလေး သုံးယောက်ကို တိုင်းပြည်က နှင်ထုတ်လိုက်ပါတယ်။
စဗက်လာနာက ခင်ပွန်းဖြစ်သူ ခုလိုထောင်ချခံရတာဟာ ပုဂ္ဂိုလ်ရေးလက်စားချေမှုသာဖြစ်ပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်ကိုလည်း မေးခွန်းထုတ်လိုက်ပါတယ်။