close

တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထရက် ကံပေါက် စာစစ်ဌာနအနီး ပေါက်ကွဲမှုဖြစ်

စစ်ကောင်စီက ကျင်းပနေတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထရက် ဧပြီ ၄ ရက်မနက်ပိုင်းက ထားဝယ်ခရိုင် ရေဖြူမြို့နယ် အထက ကံပေါက် စာစစ်ဌာနအနီး ကျောင်းသစ်လမ်းကြားမှာ ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“စာသင်ကျောင်းက စျေးနဲ့ နီးတော့ ပေါက်ကွဲသံက အတော်ကျယ်ကျယ်ပဲကြားလိုက်ရတယ်။ မကြာဘူး၊ အရေးပေါ်ကားတစီးရောက်လာတယ်” လို့ ပေါက်ကွဲမှုအနီးအနား ရောက်ရှိခဲ့သူ ဒေသခံတဦးက ပြောပါတယ်။ 

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ရှိမရှိကို သီးခြားအတည်မပြုနိုင်သေးသလို ဘယ်အဖွဲ့အစည်းက ဆောင်ရွက်ခဲ့တာလိုလည်း မသိရသေးပါဘူး။ 

ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေ အင်အားထပ်တိုးကာ လုံခြုံရေးတင်းကြပ်ခဲ့ပြီး စာမေးပွဲ ဆက်လက်ဖြေဆိုနေတယ်လို့ သိရပါတယ်။ 

ရေဖြူမြိုနယ်မှာ အထက ရေဖြူ၊ အထက ကံပေါက်၊ အထက ကလိန်အောင် စာစစ်ဌာန ၃ ခု ဖွင့်လှစ်ပြီး ၂၂၉ ဦး ဝင်ရောက် ဖြေဆိုနေတယ်လို့ စစ်ကောင်စီပြန်ကြားရေးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့ကလည်း အထက ရေဖြူ စာစစ်ဌာနမှာ အသံမိုင်းတလုံး ပေါက်ကွဲ ခဲ့ပါသေးတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up