ဆာလက်နှင့်စာချုပ်သက်တမ်းကိစ္စ ကျေနပ်စရာအခြေအနေရောက်ပြီဟု လီဗာပူးနည်းပြပြော

အသင်းတိုက်စစ်မှူး မိုဆာလက်နဲ့ စာချုပ်သက်တမ်းကိစ္စဟာ ကျေနပ်စရာအခြေအနေရောက်နေပြီ လို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။
ဆာလက်ဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့အတွက် အဆင်မပြေဖြစ်ခဲ့လို့ ကြန့်ကြာမှုတွေရှိခဲ့တာပါ။
ဒီလိုအခြေအနေမှာ ရီးရဲလ်မက်ဒရစ်လိုထိပ်တန်းကလပ်တွေက ဆာလက်ကိုခေါ်ယူဖို့ စိတ်ဝင် စားနေပြီး ဆာလက်ရဲ့အနာဂတ်က အင်္ဂလန်မှာဆက်ရှိဖို့ မတည်မငြိမ်ဖြစ်လာခဲ့တာပါ။
နည်းပြကလော့ပ်ကတော့ ထူးခြားတဲ့သတင်းမရှိသေးပေမယ့် ကျေနပ်စရာအခြေအနေဖြစ်ပြီး ဆွေးနွေးမှုတွေလုပ် ဆောင်နေကြတယ်လို့ အသိပေးသွားပါတယ်။
“မိုဆာလက်ရဲ့ စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး ပျော်ရွှင် ကျေနပ်စရာအခြေအနေပါ။ သတင်းထူးမရှိသေးပေမယ့် ကောင်းမွန်တဲ့အခြေအနေပါ။ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေက ဆွေးနွေးနေကြပြီး ဒါက လိုအပ်တဲ့ကိစ္စဖြစ်တယ်” လို့ ဘင်ဖီကာနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ကလော့ပ်က အသိပေးခဲ့ပါတယ်။
ဆာလက်ဟာ ၂၀၁၇ ခုနှစ်က ရိုးမားကနေ ပြောင်းရွှေ့လာပြီးနောက် စုစုပေါင်း ပွဲ ၂၄ဝ မှာ ၁၅၃ ဂိုးအထိ သွင်းယူ နိုင်ခဲ့ ပါတယ်။