close

အမရပူရမြို့နယ် လဝက ဒုဦးစီးမှူး ဆိုင်ကယ်တိုက်ခံရပြီး ပိုက်ဆံအိတ်လုယူခံရ

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြို့အဝင်ဆိုင်းဘုတ်နားမှာ ဧပြီ ၅ ရက် မနက်ပိုင်းက မြို့နယ် လဝကဒုဦးစီးမှူး အမျိုးသမီး ၁ ဦး  ဆိုင်ကယ်တိုက်ခံရပြီး ပိုက်ဆံအိတ်လုခံခဲ့ရပါတယ်။

လဝကဒုဦးစီးမှူး အမျိုးသမီးဟာ နေအိမ်ကနေ ရုံးသို့ စနာမုနိဘုရားဖြတ်လမ်းအတိုင်း မောင်းနှင်လာစဉ် အမျိုးသား နှစ်ယောက် မောင်းနှင်လာတဲ့ ဆိုင်ကယ်က ဝင်တိုက်ပြီး ပိုက်ဆံအိတ်လုယူသွားတာလို့  သိရပါတယ်။

လုခံရတဲ့ ပိုက်ဆံအိတ်အတွင်း ရုံးလုပ်ငန်းသုံးစာရွက်စာတမ်းတွေ၊ ရုံးသုံးတံဆိပ်တုံးတွေ၊ ဝန်ထမ်းကတ်နဲ့ လဝက ဒုဦးစီးအမည်ပါ တံဆိပ်တုံးတွေ ပါသွားတယ်လို့ ရဲတပ်ဖွဲ့နီးစပ်သူက ပြောပါတယ်။

ဆိုင်ကယ်တိုက်ခံရတဲ့အတွက် လဝကဒုဦးစီးမှူး အမျိုးသမီးကတော့  ပွန်းပဲ့ဒဏ်ရာတွေ ရရှိသွားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up