close

ယင်းမာပင်က စစ်​ရှောင်များနေသည့်နေရာကို စစ်​ကောင်စီတပ် ဗုံးကြဲ၊ ပြည်သူ ၁ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် စစ်​ရှောင်ပြည်သူ​တွေရှိတဲ့ ဘုန်းကြီး​ကျောင်းကို စစ်​ကောင်စီတပ်က ဧပြီ ၅ ရက် ည​နေ ၃ နာရီလောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

ဘန့်​ဘွေး-ထန်းဇင်​တောပြင် ​(​ဒေသ​ခေါ် ​-မယ်​​စောတောတိုက်) မှာရှိတဲ့ ဘုန်း​ကြီး​ကျောင်းဝင်း​​အတွင်းကို ဒရုန်းယာဥ်နဲ့ ဗုံးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီဘုန်းကြီး​ကျောင်းဝင်းအတွင်းမှာ အနီးနား​ရှိ ကျေးရွာ​​နေပြည်သူ​​တွေ စစ်​ဘေး​ရှောင်​တည်းခိုနေကြတာဖြစ်ပြီး စစ်​ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် စစ်​ဘေး​ရှောင်ပြည်သူ ၁ ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ ​ဒေသခံတဦးက ​ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသွားသူဟာ အသက် ၅၀ ဝန်းကျင် ဦးစန်းယု ဆိုသူဖြစ်ပြီး ထန်းဇင်​ကျေးရွာဇာတိဖြစ်ကာ မယ်​​စောတောတိုက်မှာ ​နေထိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့ရဲ့ ဒရုန်းယာဥ်ဟာ အဲဒီဘုန်း​တော်ကြီး​ကျောင်းဝင်းအပြင် ဘန့်​ဘွေးရွာမ​တောပြင်ရှိ ​နေအိမ်တလုံးကိုလည်း ထပ်မံ ဗုံးကြဲခဲ့ပြီး ထိခိုက်မှုအ​ခြေအ​နေက​တော့ မသိရ​သေးဘူးလို့ ဒေသခံက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့တပ်ဖွဲ့ဟာ ဘန့်​ဘွေးရွာမအတွင်းမှာ​နေတဲ့ စစ်​ကောင်စီတပ်ဖွဲ့က လုပ်​ဆောင်ခဲ့တယ်လို့ ယူဆရပြီး  ဒီနေ့ မနက် ၄ နာရီလောက်ကလည်း အဲဒီစစ်​ကောင်စီတပ်ဖွဲ့ကို PDF အဖွဲ့​တွေက အ​​ဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ ဒေသခံ​တွေက​ ပြောပါတယ်။

ဒါ့အပြင် ​ဒီ​နေ့မနက်ပိုင် ၁၀ နာရီလောက်မှာလည်း အောင်​ဇေကွက်သစ်(​ဒေသ​ခေါ် ​ရွှေ​တောင်ဦးကုန်း) က​နေ ဘန့်​ဘွေးရွာမ​ကျေးရွာဘက်ကိုလာတဲ့ စစ်​ကောင်စီတပ်ဖွဲ့ကိုလည်း PDF အဖွဲ့​တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြ​​တယ်လို့ သိရပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့ဟာ ဘန့်​ဘွေးရွာမ​ကျေးရွာအတွင်းကို ဝင်​ရောက်တပ်စွဲ​နေထိုင်တာ အချိန် ၁ လကျော်ရှိ​လာပြီဖြစ်သလို နေအိမ်​တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ပြည်သူ​တွေ တိမ်း​ရှောင်​ထွက်​ပြေးနေကြရပြီး စားဝတ်​နေ​ရေးအပြင် ​နေထိုင်စား​သောက်​ရေး​​​​ အခက်အခဲဖြစ်​နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up