ဆင်းရဲသည့်နိုင်ငံများတွင် လေထုညစ်ညမ်းမှုအများဆုံးဖြစ်နေဟု WHO ပြော

ကမ္ဘာ့လူဦးရေ ၉၉ ရာခိုင်နှုန်းဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က သတ်မှတ်ထားတဲ့ လေထုအရည်အသွေး ကန့်သတ်ချက်ထက်ပိုတဲ့ လေကိုရှူနေရပြီး ဝင်ငွေနိမ့်နဲ့ ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံတွေဟာ လေထုညစ်ညမ်းမှုအများဆုံးနိုင်ငံတွေ ဖြစ်တယ်ဆိုတဲ့ ကုလသမဂ္ဂအေဂျင်စီက ဧပြီ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ရုပ်ကြွင်းလောင်စာတွေကနေ ထွက်လာတဲ့အမှုန်တွေနဲ့ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေလို လေထုညစ်ညမ်းစေတဲ့ အရာတွေဟာ အသက်ရှူလမ်းကြောင်းနဲ့ နှလုံးဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပြီး ၂၀၁၀ မှ ၂၀၁၉ ကြားကာလမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၇ နိုင်ငံက မြို့ပေါင်း ၆၀၀၀ ကျော်ကို ဖုံးလွှမ်းထားတယ်လို့ WHO ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူ ၇ သန်းထက်မနည်းဟာ အချိန်မတန်သေးဘဲ သေဆုံးနေရတယ်လို့ ဆိုပါတယ်။ လေထုညစ်ညမ်းမှု အနိမ့်ဆုံးအဆင့်ကို ဥရောပမှာ တွေ့ရတယ်လို့လည်း WHO က ပြောထားပါတယ်။