close

သထုံမြို့နယ်ဌာနဆိုင်ရာစုပေါင်းရုံးတွင် ဗုံးကွဲပြီး ရဲ ၂ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံမြို့ရှိ သထုံမြို့နယ်ဌာနဆိုင်ရာ စုပေါင်းရုံးမှာ ဧပြီ ၉ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က  ဗုံးပေါက်ကွဲပြီး  ဒုရဲအုပ် တယောက်နဲ့  ရဲတပ်ကြပ်ကြီး တယောက် ဦးခေါင်းနဲ့ ဝမ်းဗိုက် ဒဏ်ရာရှိခဲ့သလို ရုံးအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေအဆိုရ ဌာနဆိုင်ရာစုပေါင်းရုံးအတွက် လာပို့တဲ့ ဆန်အိတ်ထဲ ဗုံးထည့်ထားပြီး လာပို့တဲ့ ကားအပြန် ခဏအကြာမှာ ဗုံးပေါက်ကွဲခဲ့တာလို့ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ကို  သထုံမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သထုံမြို့အဝင်မြို့အထွက် နေရာတွေနဲ့ လမ်းဆုံလမ်းခွတွေမှာ ပိတ်ဆို့ ရှာဖွေ စစ်ဆေးနေပါတယ်။ ဒီဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်လဲဆိုတာ လက်ရှိအချိန် ထုတ်ပြန်တာ မရှိသေးပါဘူး။

သထုံမြို့နယ်အတွင်းက ဌာနဆိုင်ရာရုံးကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မကြာခဏဆိုသလို လာရောက် မိုင်းထောင် ဖောက်ခွဲတာတွေ ဆက်တိုက်လုပ်ဆောင်နေသလို စစ်ကောင်စီဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာတွေ ရှိနေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up