close

ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်၊ ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင် ၆ ဦးကျဆုံး

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ  အခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားနေပြီး ကရင်နီ ပူးပေါင်းတပ်ဘက်က  ၆ ဦးကျဆုံး၊  ၁၃ ဦးဒဏ်ရာရတယ်လို့  KNDF တပ်ဖွဲ့ထံက သိရပါတယ်။ 

ဒီးမော့ဆိုမြို့နယ်က အဓိက စစ်ကောင်စီတပ်ရှိတဲ့ နေရာတွေကို ကရင်နီပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာက နှစ်ဘက် တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ 

လွိုင်ကော်မြို့ကနေ  ဒီးမော့ဆိုဘက်ကို လက်နက်ကြီး ၁၂၀-မမ တွေနဲ့ လှမ်းပြီး ပစ်ခတ်တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိနေတာလို့ KNDF ပြောခွင့်ရသူက ပြောပါတယ်။ 

“အဓိကဖြစ်တာကတော့ ဒီးမော့ဆိုမှာပဲ။ ဖရူဆိုမှာလည်း ဖြစ်တယ်။ ဒါပေမဲ့ အဓိက ဒီးမော့ဆိုပေါ့ လေ။ ၆ ယောက် ကျတယ်။ ၁၃ ယောက် ဒဏ်ရာရတယ်။ ဒါက KA နဲ့ KNDF ပဲ။ KA တော့ ကျသွားတဲ့အထဲမှာ မပါဘူး။ ကျနော် သိရသလောက်တော့ ရင်း ၉ ၊ ရင်း ၂ ၊ ရင်း ၁ ကလူတွေ ကျတယ်။ ဒဏ်ရာရတော့ KA တို့ KNDF တို့လည်း ရတာပေါ့။ ”

မတ်လ ၉ ရက်တုန်းကလည်း KNDF တပ်ရင်း ၁၀ က တပ်စုမှူး ရဲဘောသျှားရယ်ဟာ စစ်ကောင်စီရဲ့ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရခဲ့ပြီး မနေ့ မတ်လ ၁၀ ရက်မှာ ကျဆုံးသွားခဲ့ရကြေင်း တပ်ရင်း ၁၀ က သတင်းထုတ်ပြန်ထားပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်မှ  အခု ၂၀၂၀ မတ်လ ၃၁ ရက်အထိ ကရင်နီပြည်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း ကျဆုံးသွားရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အသီးသီးမှာ အာဇာနည်ရဲဘော် ၁၀၁ ဦး ရှိတယ်လို့  တိုးတက်သော ကရင်နီ ပြည်သူအင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up