လက်နက်ခဲယမ်းပေါက်ကွဲမှုကြောင့် ရုရှားခရုဇာစစ်သင်္ဘောပျက်စီးဟု ရုရှားပြော

ပင်လယ်နက်ထဲမှာ ခုတ်မောင်းနေတဲ့ ဒုံးကျည်တွေတင်ဆောင်လာတဲ့ ရုရှား ခရုဇာစစ်သင်္ဘောကြီး ‘မောစ်ကဗာ’ (Moskva) ဟာ လက်နက်ခဲယမ်းတွေ ပေါက်ကွဲလို့ ပျက်စီးသွားခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၄ ရက်မှာ အတည်ပြုကြေညာပါတယ်။
ဒါပေမဲ့ ယူကရိန်း ပင်လယ်နက်ဒေသ အိုဒက်ဆာဆိပ်ကမ်းမြို့အုပ်ချုပ်ရေးမှူး မတ်ဆမ် မာချန်ကို ကတော့ ယူကရိန်းရဲ့ နက်ပ်ကျွန်း (Neptune) သင်္ဘောဖျက်ဒုံးကျည်နှစ်စင်းနဲ့ ပစ်ခဲ့တာကြောင့် သင်္ဘောကြီးပျက်သွားတာလို့ ပြောပါတယ်။
“ပင်လက်နက်ကို ကာကွယ်စောင့်ရှောက်နေတဲ့ နက်ပ်ကျွန်းဒုံးကျည်တွေကြောင့် အများကြီး ပျက်စီးသွားတာ” လို့ သူက အခိုင်အမာ ပြောတာပါ။
မောစ်ကဗာဟာ ရုရှားတို့ စစ်ပွဲစတင်ကတည်းက ဒုတိယမြောက် အကြီးအကျယ် ပျက်စီးခဲ့တဲ့ စစ်သင်္ဘောကြီးပါ။
ပြီးခဲ့တဲ့လက အာဇော့ပင်လယ်မှာ ရုရှားရဲ့ ကမ်းတက်ထောက်ပံ့ရေးသင်္ဘော ‘သည်အော့စ်’ (the Orsk) ကိုလည်း ယူကရိန်းတပ်တွေ ဖျက်ဆီးခဲ့ပါတယ်။
ရုရှားရေတပ်က ခရုဇ် ဒုံးကျည်တွေနဲ့ယူကရိန်းကို ပစ်ခတ်နေတာပါ။ တောင်ဘက် မာရီယူပိုးလ်ဆိပ်ကမ်းမြို့ကို ထိန်းချုပ်ဖို့ ကြိုးစားရမှာ ဒုံးကျည်တင်ဆောင်တဲ့ စစ်သင်္ဘောကြီးက အရေးပါပါတယ်။
အခုပျက်စီးသွားတဲ့ မောစ်ကဗာ ဟာ ၁၉၉၃ မှာ စတင်ရေချခဲ့ပြီး ကီလိုမီတာ ၇၇၀ (မိုင် ၄၄၀) အကွာကိုပစ်ခတ်နိုင်တဲ့ ခရုဇ် ဒုံးကျည်တွေ တပ်ဆင်ထားတာပါ။