close

မြန်မာ-ထိုင်းနယ်စပ်၊ မဲဆောက်တွင် အိုက်စ်မူးယစ်ဆေးနှင့် လက်နက်ခဲယမ်းအချို့ ဖမ်းမိ

မြန်မာ-ထိုင်းနယ်စပ်၊ မဲဆောက်မြို့၊ မဟာဝမ်းတိုက်နယ်မှာ ဧပြီ ၁၄ ရက် ဒီကနေ့ မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းတချို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့   ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်သူထံက သိရပါတယ်။ 

အိမ်နီးချင်းနိုင်ငံကနေ မူးယစ်ဆေးဝါးတွေ ဝင်လာမယ် သတင်းရလို့ ထိုင်းမူးယစ်တပ်ဖွဲ့က စုံစမ်းပြီး  မဟာဝမ်းတိုက်နယ်ရှိ နေအိမ်တအိမ်ကို ထိုင်းရဲတပ်ဖွဲ့၊ ထိုင်းစစ်တပ်နဲ့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေ ဝင်ရောက်ရှာဖွေခဲ့တာပါ။ 

ရှာဖွေရာမှာ  အိမ်တွင်းကနေ အိုက်စ်မူးယစ်ဆေး ၁၇  ကီလိုကျော်၊ သေနတ်၂ လက်နဲ့ ကျည်ဆန်တချို့အပြင် ထိုင်းဘတ်ငွေ ၄၉၀၀၀ ၊ ဘဏ်စာအုပ် ၂  အုပ် စတာတွေကို  သိမ်းဆည်းရမိလို့  မဲဆောက်မြို့မရဲစခန်းက စစ်ဆေးနေပါတယ်။ 

ဖမ်းဆီးရမိသူ နိုင်းကော (အသက် ၆၂)နှစ်ကိုတော့ တရားမဝင်မူးယစ်ဆေးဝါးမှု အပါအဝင် တခြားအမှုတွေနဲ့အမှုဖွင့် အရေးယူ ဆောင်ရွက်ဖို့ ထိုင်းရဲတပ်ဖွဲ့က လုပ်ဆောင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up