ထိုင်းသင်္ကြန်ကာလ ယာဉ်မတော်တဆမှုကြောင့် ၂၃၇ ဦးသေဆုံး

ထိုင်းနိုင်ငံမှာ ဒီနှစ်သင်္ကြန်ကာလ ဧပြီ ၁၁ ရက်မှ ၁၇ ရက်အထိ ၆ ရက်အတွင်း ယာဉ်မတော်တဆ ထိခိုက်မှု အကြိမ်ပေါင်း ၁၇၂၀ ဖြစ်ပွားပြီး သေဆုံးသူ ၂၃၇ ဦးရှိကာ ဒဏ်ရာရသူ ၁၆၉၆ ဦး ရှိ တယ်လို့ ထိုင်းနိုင်ငံယာဉ်အန္တရာယ်လျော့ပါးမှု ကူညီရေးဗဟိုအဖွဲ့က ထုတ်ပြန်ပါတယ်။
သေဆုံးသူအများဆုံးမှာ ဘန်ကောက်ခရိုင် ၁၁ ဦး၊ မတော်တဆဖြစ်မှုအများဆုံးမှာ ချင်းမိုင်ခရိုင် ၆၂ ကြိမ်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူအများဆုံးမှာလည်း ချင်းမိုင်ခရိုင် အယောက် ၆၀ ဖြစ်တယ်လို့ ဆိုပါတယ် ။
ယာဉ်တိုက်မှုဖြစ်ရတဲ့ အကြောင်းရင်းမှာ အများဆုံးက မူးယစ်နေစဉ် ယာဉ်မောင်းမှုနဲ့ သတ်မှတ် အရှိန်ထက်ပိုမောင်းနှင်မှု ဖြစ်ပြီး မတော်တဆဖြစ်တဲ့ ယာဉ်အမျိုးအစားအများဆုံးမှာ မော်တော်ဆိုင်ကယ် ဖြစ်ပါတယ်။
၆ ရက်အတွင်း ယာဉ်စည်းကမ်းဖောက်ဖျက်မှု ၆၅၈၈ မှု၊ အရက်သောက်ပြီး ယာဉ်မောင်းမှု ၅၉၁၉ မှု ရှိကြောင်း၊ သေဆုံးသူမရှိတဲ့ ခရိုင်တွေကတော့ နခွန်းဖနုန်၊ ဘင်ကန်၊ ပတ္တနီ၊ ယလား၊ ရနောင်း၊ လမ်းပွန်း၊ စမွတ်ဆုန်ခလမ်း၊ ဆင်းဘူရီ၊ နောင်ဘိုလမ်းဖူးနဲ့ အမ်းနတ်ကျရွန်း စတဲ့ ၁၀ ခရိုင်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကိုးကား : Thairath / Thai PBS