close

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရသဖြင့် ထွက်ပြေး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဧပြီ ၁၆ ရက် ညက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။

MOGE မှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲအင်အား ၆၀ ကျော်လောက်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ များပြားနိုင်ပြီး ထွက်ပြေး တိမ်းရှောင်သွားကြတယ်လို့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ ၊ 101 ပြောက်ကျားတပ်ဖွဲ့၊ မြိုင် Hero Generation၊ Future Generation နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဧပြီ ၁၆ ရက် ညနေ ၆နာရီခွဲကနေ ၁၂ နာရီခွဲအထိ ၆ နာရီကြာအောင် တိုက်ပွဲဖြစ်ပွားက ၆၀-မမ၊ ၈၀-မမ၊ ၁၂၀-မမ လက်နက်ကြီး အလုံး ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစခန်းကို ည ၁၀ နာရီကျော်လောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်နိုင်ခဲ့ပြီး ဝန်ထမ်းအိမ်ရာ ၆ လုံး၊ ဖောကားတစ်စီး၊ Wheel Loader တစ်စီးကို မီးရှို့ ဖျက်ဆီးနိုင်ခဲ့ကြပါတယ်။

မြိုင်မြို့နယ်အနောက်မြောက်ပိုင်းက ကျေးရွာဘက်တွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်သားတွေကိုလည်း ဧပြီ ၁၀ ရက်က ဒေသကာကွယ်ရေးညီနောင်မဟာမိတ်တပ်တွေ ပူးပေါင်း တိုက်ခိုက်ခဲ့ပါတယ်။

နှစ်ဘက်တိုက်ပွဲတွေနဲ့ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up