close

ဒီးမော့ဆိုတွင် ပြည်သူ့အိုးအိမ်များနှင့် ဆန်စပါးများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

ကယား(ကရင်နီ) ပြည်နယ်၊  ဒီးမော့ဆိုမြိုနယ် ခြောက်မိုင်ကျေးရွာအုပ်စု ဟိုဖိတ် သပြေတောမှာ ဧပြီ ၁၆ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်သူတွေရဲ့ အိုးအိမ်နဲ့ ဆန် စပါးတွေကို မီးရှို့ဖျက်ဆီးခဲ့တာကို မြင်တွေ့ခဲ့ရတယ်လို့  ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF -B09 က ထုတ်ပြန်ထားပါတယ်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ခြောက်မိုင် အုပ်စုကနေ ဆုတ်ခွာပေးလိုက်ရချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စခန်းချနေထိုင်ပြီး ပြည်သူတွေရဲ့အိုးအိမ်နဲ့ ဆန်စပါးတွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်နိုင်တယ်လို့ KNDF -B09 အဖွဲ့ဝင်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် လွိုင်ကော်မြို့နဲ့ ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ ဒေသခံအများအပြားဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး အခုအချိန်မှာ ကျေးရွာတွေအတွင်းရှိ ပြည်သူတွေ ရဲ့ နေအိမ်တွေကို ဖောက်ထွင်းခိုးယူမှုတွေ ရှိနေတယ်လို့ လည်း ပြောပါတယ်။ 

"ကျနော့်ဆိုင်ကာ ပစ္စည်းတွေလည်း အခိုးခံလိုက်ရတယ်။ တခြားကျေးရွာထဲက အိမ်တွေ ပစ္စည်းတွေလည်း ခိုးခံနေရတာရှိတယ်။ ဘယ်သူတွေခိုးတယ်ဆိုတာ မသိရသေးဘူး။ အခုချိန်မှာ စစ်ကောင်စီတပ်က သူခိုးတွေလည်းရှိတယ်။ အရပ်ထဲက သူခိုးတွေရှိနေလို့  သူခိုးရန်တွေပါ ကြောက်နေရတယ်လို့ " ပြောပါတယ်။ 

အများပြည်သူ ဆင်းရဲဒုက္ခရောက်ချိန်မှာ စာနာထောက်ထားမှု မရှိသည့်အပြင် လူစိတ်ကင်းမဲ့တဲ့ အခုလို လုပ်ရပ်တွေ နေ့စဥ်ရက်ဆက် ပြုလုပ်နေတဲ့  အကြမ်းဖက် စစ်ကောင်စီကို   လွန်စွာ ရွံရှာမိပါတယ်လို့ KNDF -B09 တပ်ဖွဲ့ဝင်တွေက ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up