close

အဝေးသင် သင်တန်းများပြန်ဖွင့်မည့်ရက် စစ်ကောင်စီ‌ ရွှေ့ဆိုင်း

လာမယ့် မေလမှာဖွင့်ဖို့ စီစဉ်ထားတဲ့ အဝေးသင် သင်တန်းတွေကို ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာပါတယ်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေမှာ ၂၀၂၂ ပညာသင်နှစ် အဝေးသင်တက္ကသိုလ် နောက်ဆုံးနှစ် ဒုတိယအသုတ် (ဝိဇ္ဇာအထူးပြု)နဲ့ တတိယအသုတ် (ဝိဇ္ဇာအထူးပြု)တို့အတွက် အနီးကပ် သင်တန်းတွေကို လာမယ့်မေလ ပထမပတ်နဲ့ နောက်ဆုံးပတ်အတွင်းဖွင့်ဖို့ လျာထားခဲ့တာပါ။

ဒါဟာ ရုတ်တရက်ရွှေ့ဆိုင်းလိုက်တာဖြစ်ပြီး တက္ကသိုလ်က ဆရာ၊ ဆရာမတချို့ကတော့ ဒီအပြောင်းအလဲကို မသိကြသေးဘူးလို့ ဆိုပါတယ်။

အဝေးသင်တက္ကသိုလ်သင်တန်း အသီးသီးအတွက် စာစဉ်ပို့ချဆွေးနွေးတာနဲ့ အသံလွှင့်ပို့ချတာတွေကိုတော့ လုပ်သွားမှာဖြစ်ပြီး အနီးကပ်သင်တန်းအချိန်စာရင်းကို အချိန်မီအသိပေး ကြေညာသွားမယ်လို့လည်း ကြေညာထားပါတယ်။

စစ်ကောင်စီဟာ အခြေခံနဲ့ အဆင့်မြင့်ပညာရေးဆိုင်ရာကျောင်းတွေအားလုံးကို ပြန်ဖွင့်ဖို့ ကြိုးစားနေပြီး ၂၀၂၀ ပြည့်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး  ဝင်ခွင့်မလျှောက်ရသေးသူတွေကို ဒီနေ့မှာ ပြန်ပြီးလျှောက်လွှာလက်ခံနေသလို သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနလက်အောက်ကကျောင်းတွေကိုလည်း လာမယ့် မေလ ၁၂ ရက်နေ့မှာ ပြန်ဖွင့်မယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up