close

လူသားချင်းစာနာမှု အကူအညီပေးရေး လမ်းကြောင်းဖွင့်ပေးရန် ယူကရိန်းနှင့် ရုရှား သဘောတူ

ယူကရိန်းနဲ့ ရုရှားတို့ကြားမှာ လူသားချင်းစာနာမှု အကူအညီပေးရေး လမ်းကြောင်းကို ဖွင့်ပေးဖို့ ကနဦး သဘောတူညီချက် ရရှိထားတယ်လို့ ယူကရိန်း ဒုဝန်ကြီးချုပ် Iryna Vereshchuk က ဧပြီ ၂၀ ရက်မှာ ပြောပါတယ်။

Humanitarian Corridor လို့ ခေါ်တဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး လမ်းကြောင်းကနေ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ကယ်ထုတ်ဖို့ ရည်ရွယ်တာပါ။

မာရီယူပိုမြို့က အရပ်သားတွေကို တောင်ပိုင်းက ရုရှားတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့တမြို့ဆီကို ကယ်ထုတ်သွားမယ်လို့ ဆိုပါတယ်။

မာရီယူပိုမြို့တော်ဝန်ကလည်း ရုရှားတပ်တွေ အဝိုင်းခံထားရတဲ့ မြို့ကနေ အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အို ၆,၀၀၀ လောက်ကို ကယ်ထုတ်ဖို့အတွက် ဘတ်စ်ကားအစီး ၉၀ စေလွှတ်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂီ လက်ဗရော့က ယူကရိန်းစစ်ပွဲရဲ့ ဒုတိယအဆင့် စတင်နေပြီလို့ ဧပြီ ၁၉ ရက်က ကြေညာခဲ့ပါတယ်။ ဒီစစ်ဆင်ရေးဟာ ဒွန်းနက်စ်ခ်နဲ့ လူ့ဟန့်စ်ခ်ဒေသက ပြည်သူတွေ အပြည့်အဝ လွတ်မြောက်ရေးအတွက် ရည်ရွယ်တယ်လို့လည်း ရုရှား နိုင်ငံခြားရေးဝန်ကြီးက India Today နဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီးက ရုရှားနဲ့ဖြစ်နေတဲ့ စစ်ကို အဆုံးသတ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံအရှေ့ပိုင်းကို လက်လွှတ်ခံမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up