close

ပုလဲမြို့နယ်၌ စစ်ကျန်မိုင်းရှင်းလင်းစဉ် ပေါက်ကွဲ၊ PDF ရဲဘော် ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် မင်းမအနောက်ရွာမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ Royal Eagle PDF က ဧပြီ ၂၃ ရက်နေ့ ညနေသုံးနာရီလောက် မိုင်းရှင်းလင်းရေးလုပ်ဆောင်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် ရဲဘော် ၁ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့က စစ်ကောင်စီနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာမှာ စစ်ပွဲကျန် ကျည်တွေ၊ မိုင်းတွေ ကျန်ရှိနေတာကြောင့် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ Royal Eagle PDF တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့ ဒေသခံတွေ ဒုက္ခရောက်မှာဆိုးလို့ အခုလို စစ်ကျန်ကျည်တွေရှာဖွေရှင်းလင်းရင်း အခုလိုဖြစ်သွားရတာပေါ့ဗျာ။ အဓိကကတော့ဗျာ အခုလိုမိုင်းရှင်းလင်းရေး လုပ်ဆောင်ပေးတဲ့သူတွေက ကျွမ်းကျင်တဲ့ပညာရှင်တွေမဟုတ်တော့ ထိခိုက်ကျဆုံးရတာပေါ့ဗျ။ ၁ ဦးက နေရာတင်သေဆုံးတယ်။ နောက် ၁ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်။ နောက် ၃ ဦးကတော့ မစိုးရိမ်ဒဏ်ရာတွေရရှိခဲ့တယ်။ ကျနော်တို့အနေနဲ့ ကျဆုံးသွားတဲ့ ရဲဘော်နဲ့ ဒဏ်ရာရှိတဲ့ ရဲဘော်တွေအတွက် မိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ်။”

ပုလဲမြို့နယ်၊ မင်းမအနောက်ရွာမှာ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့က စစ်ကောင်စီတပ်က ရွာထဲကို ဝင်ရောက်လာပြီး လူနေအိမ်အလုံး ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ရွာသား ၂ ဦးကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up