close

တူရကီကလပ် ထရတ်ဇွန်စပေါ်အသင်း ၃၈ နှစ်အတွင်း ပထမဆုံးအကြိမ် လိဂ်ချန်ပီယံဖြစ်

တူရကီကလပ် ထရတ်ဇွန်စပေါ်အသင်းဟာ  ၃၈ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် လိဂ်ချန်ပီယံ ဆုဖလား ရယူနိုင်ခဲ့ပါတယ်။ 

မနေ့ညက ကစားခဲ့တဲ့ အန်တယ်ရာစပေါ်နဲ့ လိဂ်ပွဲစဉ်မှာ ၂ ဂိုး စီသရေ ကျခဲ့ပေမယ့် လက်ကျန် ၃ ပွဲအလိုမှာ ဒုတိယနေရာက ဖီနာဘာချီကို ၉ မှတ်ဖြတ်နိုင်ခဲ့ပါတယ်။ 

ဖီနာဘာချီကို ထိပ် တိုက်တွေ့ဆုံမှုအရ အသာရထားတာကြောင့် လက်ကျန် ၃ ပွဲအလိုမှာ လိဂ်ချန်ပီယံဖြစ်ဖို့ သေချာသွားခဲ့တာပါ။ 

ပွဲအပြီးမှာ ထရတ်ဇွန်စပေါ်အသင်းပရိသတ်တွေ ကွင်းထဲဝင်ရောက်ပြီး ၃၈ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် လိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ပေါ် အောင်ပွဲခံခဲ့ကြပါတယ်။ 

ထရတ်ဇွန် စပေါ် အသင်းဟာ ၁၉၇၅-၇၆ ခုနှစ်ကနေစတင်ပြီး ၅ ကြိမ်ဆက် ချန်ပီယံဖြစ်ခဲ့ပြီးနောက် ၁၉၈၃ ခုနှစ်မှာ နောက် ဆုံးအကြိမ်လိဂ်ချန်ပီယံဖြစ်ခဲ့တာပါ။ 

ချန်ပီယံလိဂ်အုပ်စုအဆင့် တိုက်ရိုက်ဝင်ခွင့် ၂ နေရာရတဲ့ တူရကီလိဂ်မှာ အသင်း ၆ သင်းကသာ ချန်ပီယံရယူနိုင်တဲ့ မှတ်တမ်းရှိပေမယ့် ဖီနာဘာချီ၊ ဂါလာတာစာရေးနဲ့ ဘက်ဆစ်တပ် အသင်းတွေကပဲ ချန်ပီယံအများ ဆုံးရယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up