ရီးရဲလ်အသင်း၏ ချန်ပီယံအောင်ပွဲခံအခမ်းအနားကို ဂါရတ်ဘေးလ် မတက်ရောက်

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လာလီဂါချန်ပီယံအောင်ပွဲခံ အခမ်းအနားမှာ တောင်ပံတိုက်စစ်မှူး ဂါရတ်ဘေးလ်တက်ရောက်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။
ရီးရဲလ်အသင်းဟာ မနေ့က ကစားခဲ့တဲ့ အက်စ်ပန်ညိုနဲ့ပွဲစဉ်မှာ ၄ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီးနောက် လက်ကျန် ၄ ပွဲအလိုမှာ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာပါ။
ပွဲအပြီးမှာ ရီးရဲလ်အသင်းသားတွေက ဘာနေဗျူးကွင်းထဲမှာ အောင်ပွဲခံ စင်မြင့်ပြုလုပ်ပြီး ဆုဖလားနဲ့အတူ ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ကြတာပါ။
အသင်းရဲ့လူစာရင်းရှိ ကစားသမားအားလုံးက တက်ရောက် အောင်ပွဲခံခဲ့ကြပေမယ့် ဂါရတ်ဘေးလ်ကတော့ နောက်ကြောဒဏ်ရာအကြောင်းပြပြီး အောင်ပွဲခံအခမ်းအနားကို တက်ရောက်ခြင်းမရှိခဲ့ဘဲ အိမ်မှာပဲ နေခဲ့တာပါ။
နောက်ကျောဒဏ်ရာကြောင့် အောင်ပွဲခံအခမ်းနားကို တက်ရောက်နိုင်းခြင်း မရှိခဲ့တဲ့အတွက် အလွန်စိတ်ပျက်မိပြီး လာလီဂါချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ အသင်းသားတွေအတွက် ဂုဏ်ယူကြောင်း တွစ်တာကနေတဆင့် ဂါရတ်ဘေးလ်က ရေးတင်ခဲ့ပါတယ်။
ဝေးလ်လက်ရွေးစင် ဘေးလ်ဟာ အခုနှစ်ရာသီအကုန်မှာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။