close

သက်အမျိုးသားနေ့အား မောင်တောမြို့တွင် ပထမဆုံးအကြိမ်ကျင်းပ

မေလ ၁ ရက်နေ့ ကျရောက်တဲ့ သက်လူမျိုးတို့ရဲ့ အမျိုးသားနေ့ကို ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မကျည်းကုန်းကျေးရွာမှာ ဒီနေ့မနက် ၈ နာရီက ကျင်းပခဲ့ပါတယ်။

အခမ်းအနားကျင်းပရေး ကော်မတီမှတာဝန်ရှိသူတဦးက “ဟုတ်ပါတယ်၊ မောင်တောမှာ ပထမဆုံးအကြိမ်ပြုလုပ်တာပါ။ ယခင်နှစ်တွေကတော့ အကျဥ်းချုံ့ကျင်ပခဲ့ကြတာတွေတော့ ရှိတယ်” လို့ ပြောပါတယ်။

သက်အမျိုးသားနေ့ကို ၂၀၀၆ ခုနှစ် မောင်တောမြို့နယ်မြောပ်ပိုင်း သက်ကိုင်ညှာကျေးရွာမှာ ပြုလုပ်တဲ့ သက်လူမျိုးတွေရဲ့ အစည်းအဝေးကစတင်ပြီး နှစ်စဥ်မေလ ၁ ရက်နေ့အား သက်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြတာလို့ သိရပါတယ်။

သက်အမျိုးသားနေ့ပြုလုပ်ဖို့ အာဏာသိမ်းစစ်ကောင်စီက ငွေသိန်း ၂၀ ထောက်ပံ့ပေးခဲ့ပြီး ကျန်လိုအပ်တဲ့ ငွေကြေးတွေကို သက်လူမျိုးတွေစုပေါင်ပြီး ပြုလုပ်တာလို့ သက်အမျိုးသားနေ့ ကျင်းပရေးကော်မတီ နယက ဦးလှထွန်းကျော်က ပြောပါတယ်။

ရခိုင်အမျိုးသားပါတီဗဟို နှင့် ရခိုင်အမျိုးသားပါတီ မောင်တောတို့က သက်အမျိုးသားနေ့ကို ဂုဏ်ပြုသဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

သက်အမျိုးနေ့ဟာ သက်လူမျိုးတွေရဲ့ ဘိုးဘွား အစဥ်အလာအရ တောင်ယာလုပ်ငန်းတွေကို လုပ်ကိုင်စားသောက်လာပြီကြပြီး မေလဟာ အလုပ်တွေ ရပ်နားတဲ့အချိန်ဖြစ်တာကြောင့် မေ ၁ ရက်ကို အမျိုးသားနေ့ အဖြစ် သတ်မှတ်ထားကြလို့ သိရ၌ါတယ်။ 

“ကျင်းပတဲ့ ရည်ရွယ်ချက်ကတော့  အမျိုးသားရေး လက္ခဏာတွေ မပျောက်ပျက်ဖို့နဲ့ ရပ်ဝေးတွေမှာ ရောက်နေကြတဲ့ သက်လူမျိုးတွေ တယောက်နဲ့ တယောက်‌ေ ချစ်ခင်ရင်းနှီးမှုရှိစေဖို့၊ သက်လူမျိုးရဲ့ ဘာသာစကားနဲ့ စာပေတွေတည်တံ့ခိုင်မြဲလာစေဖို့နဲ့ ကိုယ့်လူမျိုးကို ချစ်ခင်စိတ်တွေနဲ့ လူမျိုး တည်တံ့အောင် နှိုးဆော်တိုက်တွန်းနိုင်ဖို့အတွက် ပြုလုပ်ရတာ ဖြစ်ပါတယ်” ပွဲကျင့်ပရေးကော်မတီတာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။

သက်အမျိုးသားနေ့ အခမ်းအနားမှာ လူထုဟောပြောပွဲတွေ၊ ရိုးရာအကပြိုင်ပွဲတွေ၊ အခြား အားကစားပြိုင်ပွဲများအပြင် သက် ရိုးရာပြခန်းတွေ ပြသထားပြီး အခမ်းအနားကို ရခိုင်မျိုးနွယ်ဝင်များဖြစ်ကြတဲ့ မြို၊ ဒိုင်းနက် အစရှိတဲ့ လူမျိူးတွေ တက်ရောက်ခဲ့ကြပါတယ်။

မြို၊ ခမီ၊သက်၊ မရမာ၊ သက္ကမ(ခ) ဒိုင်းနက်နဲ့ ကမန် စတဲ့ ရခိုင်မျိုးနွယ်စုတွေထဲမှာ သက်လူမျိုးဟာ လူဦးရေအနည်းဆုံး  ကျန်ရှိနေတဲ့ မျိုးနွယ်စုတခု ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း သက်လူဦးရေ ၃၀၀၀ လောက်ရှိပြီး မောင်တောမြို့နယ်မှာ အများဆုံးနေထိုင်ကာ ကျန်သူတွေကတော့ မြောက်ဦးမြို့နယ်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် အမ်မြို့နယ် စသည့် မြို့နယ်များတွင် အသီးသီး ပျံ့နှံ့ နေထိုင်ကပါတယ်။

မြန်မာတနိုင်ငံလုံးမှာတော့ သက်လူမျိုး ဦးရေ ၆၀၀၀ လောက်သာ ကျန်ရှိတော့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာလည်း နေထိုင်ကြတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up