အိန္ဒိယနိုင်ငံသားများ အပူဒဏ် ပြင်းထန်စွာ ခံစားနေရ

အိန္ဒိယနိုင်ငံ ပြည်သူတွေဟာ မကြုံစဖူး အပူဆုံးနေ့ရက်တွေကို ဖြတ်သန်းနေရပြီး အပူဒဏ်ကို နည်းအမျိုးမျိုးနဲ့ ခုခံဖို့ ကြိုးစားနေကြပါတယ်။
အိန္ဒိယနဲ့ ပါကစ္စတန်မှာ ဒီရက်သတ္တပတ်ဟာ ပူပြင်းတဲ့ ဧပြီလ နောက်ဆုံး နောက်ဆုံးရက်တွေ ဖြစ်ပါတယ်။
တချို့တွေက အပူဒဏ်သာဖို့ ဒေလီမြို့ကနေ ပိုအေးတဲ့ မြောက်ဘက်ပိုင်း မြို့တွေဆီကို ခရီးထွက်ကြပါတယ်။
ဒါပေမယ့် ဒီနှစ်မှာ မြောက်ဘက်ပိုင်းမှာရှိတဲ့ ဒါရာဒန်လို မြို့တွေမှာလည်း အရင်လို မအေးတော့ပါဘူး။
ဒေလီမြို့ရဲ့အပူချိန်ဟာ ၄၀ ဒီဂရီ ဆက်စီယက်အထိ မြင့်တက်နေပြီး ဇွန်လ မုတ်သုန်မိုး မဝင်ခင်အထိ အပူဒဏ်ကို ခံစားရဖို့ ရှိပါတယ်။
မေလဆန်းပိုင်းမှာ အိန္ဒိယရဲ့တချို့ ဒေသတွေမှာ မုတ်သုန်မိုး စတင်ဝင်ရောက်လာဖွယ်ရှိပါတယ်။ လောလောဆယ်တော့ ပြည်သူတွေဟာ ပူပြင်းတဲ့ ရာသီဥတုကို ပုဝါတွေ၊ ထီးတွေနဲ့ ကာကွယ်ဖို့ ကြိုးစားနေကြသလို၊ လမ်းသွားတဲ့အခါမှာလည်း အအေးတွေ၊ အချိုရည်တွေသောက်ရင်း ခုခံနေကြတာ တွေ့ရပါတယ်။
အခုရာသီမှာ လူတွေဟာ အိမ်ထဲမှာပဲ နေတာများပြီး အပြင်ထွက်တဲ့အခါမှာလည်း အပူဒဏ် သက်သာဖို့ မျက်မှန်လို အကာအကွယ်တွေနဲ့ ထွက်ကြတယ်လို့ မြို့ခံ ရာအူး ကူးမားက ပြောပါတယ်။
အိန္ဒိယ မိုးဇလဌာနကတော့ အခုကြုံနေရတဲ့ ပြင်းထန်တဲ့ အပူဒဏ်ဟာ နောက်ထပ် သုံးရက်လောက် ဆက်ရှိဦးမယ်လို့ သတိပေးထားပါတယ်။