ရှောင်တာနယ်အမှု တရားလိုပြသက်သေကို ဆက်လက်စစ်ဆေး

သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ မစ္စတာရှောင်တာနယ် အမှုကို မေ ၅ ရက်က ဆက်လက်ရုံးထုတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
“ဒီနေ့ရုံးချိန်းမှာ တရားလိုပြသက်သေတဦးကို စစ်ဆေးတယ်။ စစ်ဆေးတာမပြီးလို့ နောက်အပတ်ရုံးချိန်းမှာ အဲလူကိုပဲ ထပ်စစ်မယ်” လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
မစ္စတာ ရှောင်တာနယ်ကို စစ်ကောင်စီက လ.ဝ.က အက်ဥပဒေနဲ့ စွဲဆိုထားပြီး မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃-၁ (ဂ) အမှုမှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း) တို့ကို အမှုတွဲအဖြစ် တရားစွဲထားပါတယ်။
ဒီနေ့ရုံးချိန်းကို လာရောက်သူအားလုံး ကျန်းမာရေး ကောင်းမွန်ကြတယ်လို့လည်း တရားရုံးနဲ့ နီးစပ်သူထံက သိရပါတယ်။