close

KNU နှင့် စစ်ကောင်စီတပ်တို့ ၁ လအတွင်း တိုက်ပွဲ ၅၀၀ ကျော်ဖြစ်ပွား

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း KNLA၊ KNDO ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် BGF ပူးပေါင်းတပ်တို့ကြား တလအတွင်း တိုက်ပွဲပေါင်း ၅၀၇ ကြိမ်ဖြစ်ခဲ့တယ်လို့ KNU က မေ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ အာဏာသိမ်းစစ်ကောင်စီတပ် နဲ့ နယ်ခြားစောင့်တပ် BGF တို့ကြား နေ့စဥ်ထိတွေ့ပစ်ခတ်မှုတွေရှိခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ် နဲ့ နယ်ခြားစောင့်တပ် BGF တွေဘက်က ၃၅၆ ဦးသေဆုံးပြီး ၁၉၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး   KNLA၊ KNDO ပူးပေါင်းတပ်ဖွဲ့တွေဘက်က ၁၅ ဦးသေဆုံးပြီး ၃၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီပူးပေါင်းတပ်ဘက်က လက်နက်ကြီးရမ်းသန်းပစ်ခတ်မှု၊ လေကြောင်းက တိုက်ခိုက်မှုတို့ကြောင့် အပြစ်မဲ့ပြည်သူ ၁၀ ဦး အသက်ဆုံးရှုံးခဲ့ရပြီး အယောက် ၃၀ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up