ဒေါ့မွန်အသင်းက ဂွါတာဖို့သ်ကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ

မေ ၇ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ဘွန်ဒတ်လီဂါပွဲစဉ်မှာ ဒေါ့မွန်အသင်းက ဂွါတာဖို့သ် အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲမှာ ဘယ်တောင်ပံ ကစားသမား ဂျူလီယံ ဘရန့်က အသင်းအတွက် ၂ ဂိုး သွင်းပေးခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် ဒေါ့မွန်အသင်းဟာ ဘွန်ဒက်လီဂါ အမှတ်ပေးဇယားမှာ ၆၆ မှတ်နဲ့ ဒုတိယနေရာမှာ ဆက်လက် ရပ်တည်နေပါတယ်။
ဒေါ့မွန်အသင်းအတွက် နောက်ထပ်တပွဲပဲ ကစားဖို့ ကျန်နေသေးပေမယ့် အမှတ်ပေးဇယား ထိပ်ဆုံးက ဘိုင်ယန်မြူနစ်က ၇၇ မှတ်နဲ့ ချန်ပီယံ ဖလားကို စောစောစီးစီး သိမ်းပိုက်ထားလိုက်ပြီး ဖြစ်ပါတယ်။
ဘိုင်ယန်ဟာ ဒီနေ့ည စတုဂတ်အသင်းနဲ့ ယှဉ်ပြိုင်ဖို့ ရှိပါတယ်။