close

တနင်္သာရီမြို့နယ်ရှိ ရဲဘက်စခန်းကို မြိတ်ခရိုင်ကာကွယ်ရေးတပ် စီးနင်း

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာ အုပ်စုထဲမှာရှိတဲ့ ဘဝသစ် အမှတ် (၄) ရဲဘက်အကျဉ်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း ၂ က စစ်ကြောင်းက မေ ၈ ရက်နေ့ မနက်ပိုင်းက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်က ထုတ်ပြန်ထားပါတယ်။ 

အဆိုပါ ရဲဘက်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက လွန်ခဲ့တဲ့ တလလောက်က တပ်လာစွဲထားတယ် ဆိုတာကို သိရှိရသလို ရေဖြူစစ်ဗျူဟာနဲ့ သုံးမိုင်လောက်ပဲဝေးတဲ့အတွက် စစ်ဗျူဟာထားပြီး အခုလို သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ကာ စစ်ကောင်စီဘက်ကလည်း ဗဟိုကင်းပေါ်ကနေ ပြန်လည် ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တယောက် ကျဆုံးခဲ့တဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။ 

အဲဒီ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး ၃ ယောက်ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။ 

မေလ ၈ ရက်နေ့ တနေ့တည်းမှာပဲ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာမှာရှိတဲ့ စစ်လက်နက်ညွှန်ကြားရေးဦးစီးဌာန (ကကကြည်း) အဖွဲ့ကို တနင်္သာရီ PDF တပ်ခွဲတခုက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ အဆိုပါအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ 

အဲဒီလိုသွားရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အဲဒီကျေးရွာမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်တွေက အနီးနားမှာရှိတဲ့ ၅၆၁ တပ်ရင်းဘက်ကို အားလုံးထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျေးရွာအတွင်းမှာ ကျန်ရှိတဲ့ ကကကြည်း စက်ရုံကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ တိုက်ခိုက်မှုမှာ နှစ်ဖက်တပ်ဖွဲ့ဝင်တွေအားလုံး အထိအခိုက်မရှိခဲ့ဘူးလို့ တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ 

လက်ရှိ တနင်္သာရီတိုင်းအတွင်းမှာ စစ်ရေးတိုးမြှင့်လုပ်ဆောင်သွားဖို့ရှိသလို ပြင်ဆင်ထားတဲ့အတွက် ပြည်သူတွေအနေနဲ့လည်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ညွန်ကြားချက်တွေကို လိုက်နာပေးဖို့န့ စစ်ကောင်စီရဲ့ လှုပ်ရှားမှုတွေကိုလည်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို သတင်းပေးပို့ပြီး ပူးပေါင်းပါဝင်ပေးဖို့ သတိပေးထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up