နယူးယော့ခ်ပြည်နယ်တွင် လူဖြူသေနတ်သမား ပစ်ခတ်မှုကြောင့် ၁၀ ဦး သေဆုံး

အမေရိကန် ပြည်ထောင်စု နယူးယော့ခ်ပြည်နယ်က ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ဘက်ဖလိုးမြို့မှာ လူဖြူလူငယ် သေနတ်သမား လက်ချက်နဲ့ လူ ၁၀ ယောက် သေဆုံးသွားပါတယ်။
စားသောက်ကုန်တွေ ရောင်းတဲ့ဆိုင်မှာ ဖြစ်ခဲ့တဲ့ သေနတ်ပစ်ခတ်မှုအတွင်း သေဆုံးသွားသူအများစုက လူမည်းတွေ ဖြစ်ပြီး ၃ ယောက်လည်း ဒဏ်ရာသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပစ်ခတ်မှု ဖြစ်ပြီးနောက် အသက် ၁၈ နှစ်အရွယ် လူဖြူလူငယ် သေနတ်သမားကို ရဲတွေက ဖမ်းဆီးလိုက်တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
လူမျိုးရေး အမုန်းတရားကို အခြေခံတဲ့ ရာဇဝတ်မှု ဖြစ်နိုင်တဲ့အတွက် ရဲအဖွဲ့က စုံစမ်းနေပါတယ်။ လူဖြူလူငယ်ဟာ ရိုင်ဖယ် သေနတ်နဲ့ နယူယောက်ခ်နယ်မြေကနေ လူမည်း လူဦးရေများတဲ့ ဘက်ဖလိုးအထိ လာပြီး ပစ်ခတ်တာလို့ဆိုပါတယ်။
တကိုယ်တော် ရာဇဝတ်မှု ကျူးလွန်တာဖြစ်ကြောင်း၊ သေနတ်ထိမှန်တဲ့ ၁၃ ယောက်မှာ ၁၁ ယောက်က လူမည်းတွေဖြစ်ပြီး ၂ ယောက်က လူဖြူတွေဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။