close

ယူအေအီးနိုင်ငံ သမ္မတသစ် ခန့်အပ်

အာရတ်စော်ဘွားများနိုင်ငံ (ယူအေအီး) ရဲ့ သမ္မတသစ်အဖြစ် မိုဟာမက် ဘင်ဇာရိ အယ် နာယံကို မေ ၁၄ ရက်နေ့မှာ တရားဝင် ခန့်အပ်လိုက်ပါတယ်။ 

MbZ လို့ အတိုကောက် ခေါ်ကြတဲ့ မိုဟာမက်ဟာ ကျန်းမာရေးမကောင်းတဲ့ အစ်ကို သမ္မတ ခါလီဖာ ကိုယ်စား အာရတ်စော်ဘွားများနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့သူလည်း ဖြစ်ပါတယ်။ 

မေ ၁၄ ရက်နေ့က သမ္မတ ခါလီဖာ ကွယ်လွန်သွားကြောင်း အတည်ပြုပြီး နောက်တရက်မှာပဲ နိုင်ငံတော်ကောင်စီက သူကို သမ္မတအဖြစ် ရွေးချယ်လိုက်တာပါ။ 

ကွယ်လွန်သွားတဲ့ သမ္မတ ခါလီဖာဟာ အနောက်ကမ္ဘာနဲ့ နီးစပ်သူ၊ နိုင်ငံကို ခေတ်မီအောင် ဆောင်ရွက်ပေးခဲ့သူအဖြစ် သတ်မှတ်ခံရသူပါ။  အထူးသဖြင့် သူဟာ ပင်လယ်ကွေ့ အာရတ် နိုင်ငံကို အမေရိကန် ပြည်ထောင်စုနဲ့ မဟာမိတ်တွေနဲ့ နီးနီးစပ်စပ်ဖြစ်အောင် ဆောင်ရွက်ခဲ့သူ အဖြစ် သိကြပါတယ်။ 

၂၀၁၄ ခုနှစ်မှာ လေဖြတ်ဝေဒနာ ခံစားရပြီး တာဝန်အရပ်ရပ်ကို အဖေတူ အမေကွဲ ညီအစ်ကို MbZ ကို လွှဲအပ်ထားတာ ကွယ်လွန်ချိန်အထိ ဖြစ်ပါတယ်။ 

ဆော်ဒီရဲ့ အာဏာပိုင် လူသန်ကြီးအဖြစ် သတ်မှတ်ကြတဲ့ MbZ ဟာ အခုတော့ နိုင်ငံရဲ့တရားဝင် သမ္မတ ဖြစ်လာပြီဖြစ်လို့ ရေနံကြွယ်ဝပြီး ဒေသတွင်း သြဇာကြီးတဲ့ နိုင်ငံကို အာဏာအပြည့်နဲ့ အုပ်ချုပ်နိုင်ပြီးလည်း ဖြစ်သလို၊ ပင်လယ်ကွေ့ဒေသက မဟာမိတ်တွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ အမေရိကန် သဘောထား ကွဲလွဲမှုတွေကိုလည်း ဆက်ပြီး ကိုင်တွယ်ဖြေရှင်းရဖို့ ရှိနေပါတယ်။

//
Up