ရှန်ဟိုင်းတွင် ကိုဗစ်-၁၉ ယာယီဆေးရုံ ထက်ဝက်နီးပါး ပြန်ပိတ်

ရှန်ဟိုင်းမှာ ကိုဗစ်ရောဂါ ကုသဖို့အတွက် ဖွင့်လှစ်ထားတဲ့ ယာယီဆေးရုံ တဝက်လောက် ပြန်ပိတ်လိုက်ပြီလို့ အရာရှိတယောက်က မေ ၁၄ ရက်နေ့မှာ ပြောပါတယ်။
နေ့စဉ် ကိုဗစ် ရောဂါ ကူးစက်မှုနဲ့ ဆေးရုံတင်ရတဲ့ လူနာအရေအတွက်ကလည်း ကျဆင်းလာတာကြောင့် အခုလို ပြန်ပိတ်လိုက်တာလို့ ကူးစက်ရောဂါ ထိန်းချုပ်ရေးအဖွဲ့ အကြီးအကဲ ဒင်းဘိုက မေ ၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မေ ၁၃ ရက်နေ့က ဆေးရုံဆေးခန်းတွေကို လာတဲ့သူ ၅ သောင်းပဲ ရှိတော့လို့ ရောဂါကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့တဲ့ ရက်နဲ့ နှိုင်းယှဉ်ရင် ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် မေ ၁၃ ရက်နေ့ မြူနီစပယ်အဆင့် ယာယီဆေးရုေငါးရုံကို ပိတ်လိုက်ပြီဖြစ်သလို မြို့နယ်အဆင့်မှာ ကုသရေး စင်တာပေါင်း ၆၈ ခုကို ပိတ်လိုက်ပြီလို့ ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး မြို့တော်ရှန်ဟိုင်းမှာ ကိုဗစ်ရောဂါ ကူးစက်မှုကြောင့် ပြည်သူတွေကို အိမ်အပြင်မထွက်ဖို့ စည်းကမ်းသတ်မှတ်ပြီး၊ ရောဂါကူးစက်မှုကို လုံး၀ ကင်းစင်အောင်လုပ်နိုင်ဖို့ အာဏာပိုင်တွေက စီမံချက်နဲ့ ဆောင်ရွက်နေတာပါ။
အာဏာပိုင်တွေက ရောဂါစစ်ဆေးမှုတွေကို လွယ်ကူအောင် စီစဉ်ဆောင်ရွက်ပေးထားပေမယ့် နေ့စဉ် ကူးစက်မှုတွေကတော့ ဒီရက်ပိုင်းအထိ ၁ ထောင်ဝန်းကျင်မှာ ဆက်ရှိနေပါတယ်။