လက်ဘနွန်တွင် ရွေးကောက်ပွဲကျင်းပ

လက်ဘနွန်နိုင်ငံမှာ လွှတ်တော်ရွေးကောက်ပွဲ မဲပေးတာတွေကို မေ ၁၅ ရက်မှာ စတင်လိုက်ပါ တယ်။
တိုင်းပြည်စီးပွားရေး ကျဆင်းပြီး ပြည်သူတွေ စီးပွားရေး ကျပ်တည်းနေချိန်ဖြစ်လို့ အာဏာရ ပါတီအပေါ်မှာ ပြည်သူတွေက ဒေါသထွက်နေကြချိန်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။
အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟစ္စဘိုလာနဲ့ မဟာမိတ်က ပါလီမန်ကို ဆက်ပြီး ထိန်းချုပ်ထားနိုင်မလားဆိုတာကို ဒီရွေးကောက်ပွဲက အဆုံးအဖြတ် ပေးပါလိမ့်မယ်။
လက်ဘနွန်မှာ ၂၀၁၈ ခုနှစ်က နောက်ဆုံး အာဏာရလာတဲ့ အစိုးရဟာ တိုင်းပြည် စီးပွားရေးကို စီမံခန့်ခွဲတဲ့ နေရာမှာ ညံ့ဖျင်းတဲ့အတွက် တိုင်းပြည် စီးပွားရေးကျဆင်းရတာလို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
လေ့လာသူတွေက ပြည်သူလူထုရဲ့ ဒေါသကြောင့် ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ အမတ်လောင်းတချို့ လွှတ်တော်မှာ နေရာရလာနိုင်တယ်လု သုံးသပ်နေကြပေမယ့် သိသာတဲ့ နိုင်ငံရေးအပြောင်းအလဲဖြစ်မယ်လို့ မျှော်လင့်မထားကြပါဘူး။
မဲရုံတွေ မနက် ၇ နာရီမှာ ဖွင့်ပြီး အသက် ၂၁ နှစ်နဲ့ အထက် မဲဆန္ဒရှင်တွေဟာ ကိုယ့်ရဲ့ ဇာတိမြို့တွေ၊ ဇာတိရွာတွေမှာပဲ မဲပေးကြရမယ်လို့ စည်းကမ်း သတ်မှတ်ထားပါတယ်။