close

ကိုယ်ဝန်ဖျက်ချခွင့် ထောက်ခံဆန္ဒပြပွဲများ အမေရိကန်တဝန်း ကျင်းပ

အမေရိကန်ပြည်ထောင်စုနိုင်ငံတဝန်းမှာ ကိုယ်ဝန်ဖျက်ချခွင့်ကို ထောက်ခံတဲ့ ဆန္ဒပြသူတွေဟာ မြို့ကြီးတွေမှာ ဆက်လက် ဆန္ဒပြနေကြတယ်။ 

၁၉၇၃ ခုနှစ်ကတည်းက ကိုယ်ဝန်ဖျက်ချခွင့်ကို တရားဝင် ခွင့်ပြုပေးခဲ့တဲ့ သမိုင်းဝင် ရိုဗွီဝိတ် (Roe v. Wade) ဥပဒေကို အမေရိကန်ရဲ့ အမြင့်ဆုံး တရားရုံးချုပ်က နောက်ကြောင်းပြန်ဖို့ ပြင်ဆင်ဖို့  စဉ်းစားနေတယ်ဆိုတဲ့သတင်း လွန်ခဲ့တဲ့နှစ်ပတ်က ပေါက်ကြားခဲ့ပြီးနောက် နိုင်ငံတဝန်းမှာ အခုလို ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာပါ။

မေ ၁၄ ရက်က ဖီးနစ်မြို့လယ်မှာရှိတဲ့ အရီဇိုးနားပြည်နယ်လွှတ်တော် အပြင်ဘက်မှာ တက်ကြွလှုပ်ရှားသူတွေ စုရုံးခဲ့သလို၊ နယူးယော့ခ်၊ ဝါရှင်တန်၊ လော့အိန်ဂျယ်လ်နဲ့ ချီကာဂိုတို့မှာလည်း လူထောင်နဲ့ချီ ဆန္ဒပြကြပါတယ်။ 

ဝါရှင်တန်မှာ မေ ၁၄ ရက်က ဆန္ဒပြသူ  ၂၀၀၀၀ လောက်ဟာ ဝါရှင်တန်ဒီစီမှာရှိတဲ့ ကျောက်တိုင်မှာ စုရုံးခဲ့ကြပြီး တရားရုံးချုပ်အထိ ချီတက်ကြပါတယ်။ 

ကိုယ်ဝန်ဖျက်ချတာကို ပြန်ပြီး ပိတ်ပင်နိုင်တဲ့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ ဇွန်လလောက်မှာ ဖြစ်လာနိုင်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။  

စည်းရုံးလှုပ်ရှားသူတွေကတော့ ဒါဟာ တနိုင်ငံလုံးအတိုင်းအတာ ဆန္ဒပြပွဲတွေရဲ့ ပထမအဆင့်လို့ ပြောပါတယ်။

//
Up