close

အာဇိုစတယ်သံမဏိစက်ရုံအတွင်း ကျန်နေသူများကိုကယ်ထုတ်ရန် ညှိနှိုင်းနေဟု ယူကရိန်းသမ္မတ ပြော

အာဇိုစတယ်သံမဏိစက်ရုံမှာ ကျန်နေသေးတဲ့လူတွေကို ကယ်ထုတ်ဖို့ ရုရှားနဲ့ ညှိနှိုင်းနေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက မေ ၁၅ ရက် မိန့်ခွန်းမှာ ပြောပါတယ်။ 

ရုရှားတပ်တွေဟာ ယူကရိန်းတောင်ပိုင်းက မာရီယူပို ဆိပ်ကမ်းမြို့ အစိတ်အပိုင်း အတော်များများ ကို ရုရှားတပ်တွေက သိမ်းပိုက်ထားပြီး ဖြစ်ပေမယ့် ရာနဲ့ချီတဲ့ ယူကရိန်းတပ်တွေဟာ သံမဏိ စက်ရုံဝင်းထဲကနေ ဆက်ပြီး ခုခံနေဆဲ ဖြစ်ပါတယ်။  

“အာဇိုစတယ် စက်ရုံဝင်းထဲကနေ ကျနော်တို့ လူတွေကို ကယ်ထုတ်ဖို့ ညှိနှိုင်းနေတာ ခက်ခဲပါတယ်။ အလွန်အကဲဆတ်ပါတယ်။ ဒါကိစ္စကို နေ့တိုင်း လုပ်နေပါတယ်”လို့ ယူကရိန်း သမ္မတ ဇီလန်စကီးက ပြောသွားပါတယ်။ 

ဆိုဗီယက်ခေတ်က တည်ဆောက်ထားတဲ့ သံမဏိစက်ရုံဟာ စစ်ဒဏ်ခံနိုင်အောင် ဗုံးခိုကျင်းတွေနဲ့ ခံတပ်လို အသုံးပြုနိုင်တာကြောင့် မြို့ကို ရုရှားတပ်တွေက နှစ်လကျော်ကြာအောင်  ဝိုင်းထားပေမဲ့ ယူကရိန်းတပ်တွေက အရှုံးမပေးဘဲ ဆက်ခုခံနေတာပါ။ 

//
Up